အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,041
လွန်ခဲ့သော ၄ နှစ် က · ဖြူး

မတ်ပဲ၊ပဲတီစိမ်းကို အပွင့် ပွင့်နေချိန် ဆေးဖြန်းရင် အပွင့်တွေကြွတယ်ဆိုတာဟုတ်ပါသလားဗျာ။ တောင်သူအများစုကတော့ အ...

မတ်ပဲ၊ပဲတီစိမ်းကို အပွင့် ပွင့်နေချိန် ဆေးဖြန်းရင် အပွင့်တွေကြွတယ်ဆိုတာဟုတ်ပါသလားဗျာ။ တောင်သူအများစုကတော့ အပွင့် ပွင့်ချိန်ဆို ပွင့်ထွေးပိုး ကျ မှာဆိုးတဲ့အတွက် ပိုးသတ်ဆေးတွေး အသုံးပြုကြပါတယ်ဗျာ။

စိုက်ပျိုးစီးပွား မတ်ပဲ

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

အရမ်းပြင်းတဲ့ အီးစီ ပုံစံနဲ့ဆေးတွေကိုမဖျန်းတာအကောင်းဆုံးပါ ဥပမာ ကလိုပိုင်ရီဖော့၊ ဆိုင်ပါမီသရွန်အုပ်စုများ၊ ဆေးဖျန်းရမဖျန်းရဆိုတာကတော့ - သင့်ရဲ့အခင်းကပိုးအချေအနေအပေါ်မူတည်ပါမယ် ပန်းမပွင့်မှီဆေးနိုင်နိုင်လိုက်ထားတဲ့အခင်းဆိုရင်တော့ မဖျန်းတာ ကောင်းတာပေါ့နော်၊

2,041 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ပါဗျာ ဘယ်လိုဆေးအမျိုးအစားပဲဖြန်းဖြန်း ပြီးတော့ဆေးနှုန်းထား မှန်လဲ မဖြန်းတာအကောင်းဆုံးလို့ ပြောကြလို့ပါ ဆေးနှုန်းထားမှန်ရင် မကြွေဘူးဆိုလို့ ကျေးဇူးပါဗျာ့

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၄ နှစ် က

ဘာဆေး ဖြန်းတာလည်း ဆိုတာ ရှတယ်လေ ဆေး နူန်းထားမမှန်တာ ဖြစ်ရင်တော့ကြွေတာပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။