အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
HtetHtetzaw
HtetHtetzaw 640
လွန်ခဲ့သော ၄ နှစ် က · ကျောက်တန်း

ပုံပါဆေးကဘယ်နှဧကသုံးလို့ရနိုင်ပါသလဲစက်ဖျန်းပုံးတပုံးကိုဇွန်းဘယ်လောက်ထည့်သင့်ပါလဲ

ပိုးမွှားရောဂါ ပဲတီစိမ်း
Post image

ဖြေကြားချက် ၄ ခု

ဦးသန်းထွေး
ဦးသန်းထွေး 1,278 လွန်ခဲ့သော ၄ နှစ် က

ဆေးအုပ်စုအသစ်လေးတွေပြောင်းသုံးသင့်ပါတယ် အပင်သက်တမ်းနဲ့ ရောဂါပေါ်မူတည်ပြီး သုံးစွဲသင့်ပါတယ်ခင်ဗျ ဆေးတမျိုးထဲကို ထပ်ခါထပ်ခါအသုံးပြုမည်ဆိုလျင်ဆေးရင်ပါးမှုရှိလာနိုင်ပါတယ်ခင်ဗျ

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

တစ်ခါ နှစ်ခါတော့ ပြသနာ မရှိပါ ဆိုးကျိုးက လူတွေကိုမြုံစေပါတယ်၊

HtetHtetzaw
HtetHtetzaw 640 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ဘေးထွက်ဆိုးကျိုးရှိပါသလား

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

carbendazim က ပိတ်ထားတာတာခင်ဗျ ဝယ်လို့ရသေးတာတော့ အံ့ဩစရာပဲနော် မည်သို့ပင်ဖြစ်ပါစေ ဒါက သူတို့ကိစ္စပါ ကျွန်တော့်ကိစ္စကတော့အကို့မေးခွန်းကိုဖြေပေးဖို့ပါ carbendazim 50 % WP ကိုမျိုးစေ့လူးနယ်ဆေးအနေဖြင့်သုံးမည်ဆိုပါက အစေ့ ၁ ပိဿာကို ၃ ဂရမ် ကနေ ၄ ဂရမ်နှုန်းထားလူးနယ်နိုင်၍ ဖျန်းမည်ဆိုပါက တစ်ဧက ကို ရောဂါ အနေအထားအပေါ်မူတည်၍ ၈၀ ဂရမ် မှ ၂၀၀ ဂရမ် အတွင်းသုံးပေးသင့်သည်။ ဖျော်စပ်ရမာကတော့ ရေ တစ်လီတာတွင် ၂ ဂရမ် ဖျော်စပ်နိုင်သည်၊ ၁၆ လီတာ ဆေးဖျန်းတစ်ပုံးတွင် ၃၂ ဂရမ် ထည့် ရပါမည်။ တစ်ဧက ကို ဆေးဖျန်းပုံး ၂ ပုံးခွဲ မှ ၃ ပုံး ဖျန်းသင့်ပါသည်။ ဆေးထုတ်ရဲ့နောက်မှာလဲ နှုန်းထားတွေနဲ့ ဖျော်စပ်ပုံကို မြန်မာလိုရေးထားပါတယ် အနဲတော့ကွာခြားနေပါလိမ့်မည်၊ ပြသနာတော့မရှိပါ ကျွန်တော်ကတော့ အကောင်းဆုံးတွေကိုပဲအမြဲပြောပြပေးနေသူပါ၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။