အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
အမည်မသိ
လွန်ခဲ့သော ၄ နှစ် က · နတ်မောက်

နွားမများ မျိုး ရှိမရှိမည့်သို့သိနိုင်သလဲဗျ

မွေးမြူနည်း နွား

ဖြေကြားချက် ၁ ခု

နှင်းဖြူဖြူ
နှင်းဖြူဖြူ အတည်ပြုပြီး 161,188 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

မျိုးနွားမ ကိုယ်ဝန်ရှိမရှိ မည်သို့ဆုံးဖြတ်နိုင်မည်နည်း ============================================= မျိုးနွားမ၏ မွေးဖွားမှုကာလပတ်သည် အနည်းငယ်ရှည်လျားသည်။ ကိုယ်ဝန်ဆောင်ကာလပင် ရက်ပေါင်း(၂၈၂) ရက်ခန့်ရှိပါသည်။ ဤကာလအတွင်း ပြဿနာတစ်ခုခုဖြစ်ပွားလျှင် မွေးမြူရေးလုပ်ကိုင်သူများသည် တစ်နှစ်ပတ်လုံး ကြိုးစားမှုမှာ အလဟတ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မျိုးနွားမကိုယ်ဝန်ဆောင်ကာလ၏ အစာကျွေးမွေးမှုဆိုင်ရာ စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးသည်။ မျိုးနွားမကိုယ်ဝန်ရှိမရှိကို မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။ ၁။ မျိုးနွားမ၏ မြိုင်လာသောကာလပတ်မှာ(၂၁)ရက်ဖြစ်သည်။ မျိုးစပ်ပြီး(၂၁)ရက်နောက်ပိုင်းတွင် ပြန်လည်မြိုင် လာခြင်း မရှိပါက မျိုးနွားမကိုယ်ဝန်ရှိကြောင်း ကနဦး ဆုံးဖြတ်နိုင်ပါသည်။ ၂။ မျိုးနွားမကိုယ်ဝန်ဆောင်ပြီးနောက်လက္ခဏာများမှာ ငြိမ်သပ်၍ လဲလျောင်းသော အနေအထားကို နှစ်သက် သည်။ အစာစားလိုစိတ် မြင့်လာပြီး အဆီတိုးများလာမည်ဖြစ်သည်။ ၃။ မျိုးနွားမ မျိုးစပ်ပြီး (၃၀-၄၀)ရက်ခန့်တွင် အကယ်၍ ကိုယ်ဝန်ဆောင်ပါက မျက်ဆန်၏ အပေါ်တည့်တည့်တွင် သိသာထင်ရှားသော ဒေါင်လိုက်သွေးကြောင်းသုံးကြောင်းရှိမည်ဖြစ်သည်။ မျက်နက်ဝန်းထက် ဖောင်းနေပြီး ခရမ်းနီ ရောင်ဖြစ်နေမည်။ ကိုယ်ဝန်မရှိသော မျိုးနွားမ၏မျက်ဆန်အပေါ်တည့်တည့်ရှိ သွေးကြောမှာ သေးငယ်၍ အရောင် ဖျော့မှိန်ကာ မသိသာချေ။ ဤနည်းများ သုံးသပ်၍ ဆုံးဖြတ်ခြင်းသည် တိကျမှန်ကန်နှုန်းမြင့်မားစေမည်ဖြစ်သည်။ ၄။ မျိုးနွားမ မျိုးစပ်ပြီး ရက်ပေါင်း(၄၀-၆၀)တွင် အူမကြီးမှတစ်ဆင့် ကိုယ်ဝန်ရှိမရှိ စစ်ဆေးနိုင်မည်ဖြစ်သည်။ အူမ ကြီး စစ်ဆေးမှုမှတစ်ဆင့်နွားမ၏ သားပွားဥအိမ်ပြောင်းလဲခြင်းနှင့် နွားသားပေါက်ကြီးထွားမှုအခြေအနေကို သိရှိနိုင်ပါ သည်။ ၅။ တိရစ္ဆာန်သုံးB-mode ultrasound ရှိသောနွားမွေးမြူရေးခြံများတွင် B-mode ultrasound စစ်ဆေးခြင်းဖြင့် မျိုးနွားမ ကိုယ်ဝန်ရှိမရှိကို ဆုံးဖြတ်နိုင်ပါမည်။ ထို့အပြင် နွားမကိုယ်ဝန်ရှိမရှိစစ်ဆေးနိုင်သော စမ်းသပ်စက္ကူကို ဝယ်ယူ၍ လည်း စစ်ဆေးနိုင်မည်ဖြစ်သည်။ Kuai le yang zhi မှကောက်နုတ်ဖော်ပြသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။