ပဲတီးစိမ်း မှာ အဲလိုဖြစ်နေတယ် ဘာဖြစ်တာလည်းဗျ
အဝါရောင်ကျနေသာအပင်တွေ မများသေးဘူးဆိုရင် နုတ်ပသ်စေချင်ပါတယ်ခင်ဗျာ။ မဟုတ်ရင်တစ်ခင်းလုံးပျံ့သွားနိုင်ပါတယ်ခင်ဗျာ။
အဝါရောင်မိုစိတ်ဗိုင်းရပ်စ်ရောဂါပါ။ ဤရောဂါသည် အရွက်နုများပေါ်တွင်စတင်ကျရောက်သည်။ အလွန်သေးငယ်သည့် ပုံသဏ္ဍန်မမှန် အဝါရောင်အစက်များသည် ရွက်ကြောမွှာလေးများ တစ်လျှောက် ဖြစ်ပေါ်နေပြီး နောက်ပိုင်းတွင် ရွက်ပြားတစ်ခု လုံးပျံ့နှံ့ကာ တောက်ပသောအဝါရောင်-ရောင်မညီပြောက်ကြား ပုံစံဖြစ်လာသည်။ ထွက်ပြူခါစသုံးရွက်မွှာများ အောက်ဖက်သို့ကွေးနေတတ်သည်။ အရွက်များပုံသဏ္ဍန်မမှန်တတ်ပါ။ နောက်ပိုင်းတွင်အရွက်များ အဝါရောင် သို့ပြောင်းသွားပြီး အဝေးမှကြည့်လျှင်တစ်ခင်းလုံးဝါနေသည်။ အဝါရောင်အရွက်များတဖြေးဖြေးရှုံ့ ခြောက် သေဆုံးတတ်သည်။ အထူးသဖြင့်မတ်ပဲတွင် အဝါစက်များသေးငယ်ပြီးနောက်ပိုင်းတွင် တစ်ရှူးသေလက္ခဏာ ပြောင်းသွားသည်။ ရောဂါကျအပင်များတွင် အပွင့်နှင့်သီးတောင့်အရေအတွက်လျော့နည်းသွားသည်။ အပင် များ ရင့်မှည့်မှုနောက်ကျသည်။ သီးတောင့်များသေးငယ်၍ အဝါရောင်ပြောင်းကာ ရှုံ့တွန့် သွားတတ်သည်။ ဤရောဂါကျရောက်လျှင် အထွက်နှုံးရော အရည်အသွေးပါကျဆင်းသည်။ ရောဂါကူးစက်ပျံနှံ့ခြင်း ဤရောဂါသည် ယင်ဖြူအင်းဆက်မှတစ်ဆင့် တစ်ပင်မှတစ်ပင်သို့ကူးစက်ပျံ့နှံ့သည်။ ပင်ရည်ဖြင့် သော်လည်းကောင်း၊ မျိုးစေ့နှင့်မြေကြီးတို့မှ တစ်ဆင့်သော်လည်းကောင်း ကူးစက်ပျံ့နှံ့ခြင်းမရှိပါ။ စိုက်ခင်းတွင်ကျရောက်နေသည့်ယင်ဖြူများက အရွက်များမှပင်ရည်ကိုစုတ်ယူသည့်အခါ ဗိုင်းရတ် သည် ပင်ရည်နှင့်အတူပါးစပ်အစိတ်အပိုင်းမှတစ်ဆင့် ၎င်းတို့၏ ခန္ဒာကိုယ် အတွင်း ပါဝင်သွားသည်။ ၎င်းယင်ဖြူများက အခြားအပင်များပေါ်တွင် ဆက်လက်စုတ်ယူစားသောက်သောအခါ ဗိုင်းရတ်များက ပါးစပ်အစိတ်အပိုင်းမှတစ်ဆင့် အပင်တွင်းသို့ပြန်လည်ဝင်ရောက်ကာ ရောဂါကူးစက်ပျံ့နှံ့စေသည်။ ယင်ဖြူများ၏ခန္ဒာကိုယ်အတွင်းသို့ ဗိုင်းရတ်ရောက်ရှိသွားပြီးလျှင် ၃-ရက်မှ ၁၀ ရက်အထိ အပင်များအပေါ်တွင် စုတ်စားသည့်အခါတိုင်းကူးစက်နေစေဖြင့် တည်မြဲသည့်ပုံစံဖြင့်ကူးစက်စေခြင်းဖြစ်သည်။ သို့သော် ယင်ဖြူများက ဗိုင်းရတ်ကိုတစ်ကြိမ်ရယူပြီးတိုင်း ၎င်း၏ဘဝသက်တမ်းတစ်လျှောက် လုံးထိမ်းထားနိုင်ခြင်း တော့မရှိပေ။ ဗိုင်းရတ်ရောဂါကျနေသောအပင်ကိုထပ်မံစားသောက်နေလျှင် ဆက်လက်၍ကူးစက်နေမည် ဖြစ်သည်။ စိုက်ခင်းတွင်ယင်ဖြူဦးရေများစွာကျရောက်နေပါက ဤရောဂါ ကူးစက်ပျံ့နှံ့မှု လျှင်မြန်သည်။ ကာကွယ်နှိမ်နင်နည်း ၁။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသော ပဲဒီစိမ်း၊ မတ်ပဲ၊ ပဲပုတ်မျိုးများစိုက်ပါ။ ၂။ ရောဂါကင်းသောအပင်မှမျိုးစေ့များကိုသာ စိုက်ပျိုးပါ။ ၃။ ရောဂါကျလေ့ရှိသည့်အချိန်ကိုရှောင်နိုင်ရန် အချိန်စောစိုက်ပါ။ ၄။ ပဲမျိုးရင်းဝင်မဟုတ်သည့်အပင်များနှင့်သီးလှည့်စိုက်ပါ။ ၅။ စိုက်ခင်းထဲတွင် ရောဂါစတင်မြင်တွေ့စဉ်ကပင် ရောဂါကျအပင်ကိုဖယ်ရှားပါ။ ၆။ ရောဂါကျအပင်အစိတ်အပိုင်းများ စိုက်ခင်းအတွင်းမှရှင်းလင်းဖယ်ရှားပါ။ (နောက်စိုက်မည့် ပဲသီးနှံကို ဆက်လက်မကူးစက်စေရန်ဖြစ်သည်။) ၇။ စိုက်ခင်းအနီးတွင် ယင်ဖြူအင်းဆက်ကျရောက်သည့် ပေါင်းပင်၊ အလေ့ကျပေါက်ပင်နှင့် အခြားလက်ခံပင် များကို ဖယ်ရှားဖျက်ဆီးပါ။ ၈။ ရောဂါပျံ့နှံ့မှုလျော့နည်းစေရန်အတွက် ယင်ဖြူကျရောက်ခြင်းမရှိသည့် နှံစားပြောင်း၊ လူး၊ ဆတ်၊ပြောင်းဖူးပင်များနှင့် သီးညှပ်စိုက်ပါ။ ပဲဒီစိမ်း (သို့မဟုတ်) မတ်ပဲ ၁၅ တန်းပြီးလျှင် ၎င်းအပင်တစ်မျိုးမျိုးကို ၂ တန်းစိုက်ပါ။ ၉။ ဗိုင်းရတ်သယ်ဆောင်ကောင်အင်းဆက်ဖြစ်သည့် ယင်ဖြူကို ပိုးသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းပါ။ ဒိုင်မီသိုအိတ် - ၀.၀၃% (သို့မဟုတ်) မိုနိုကရိုတိုဖေါ့စ် - ၁.၆% (သို့မဟုတ်) မက်တာဆင်းတော့က်စ် - ၀.၁% (သို့မဟုတ်) ထရိုင်ယာဇိုဖေါ့စ် - ၁.၂၅ စီစီ/လီတာ ကိုပက်ဖြန်းပါ။ တမာပိုးသတ်ဆေး၊ တမာဆီ တို့ကိုလည်းအသုံးပြုနိုင်ပါသည်။ ၁၀။ သိုင်ယာမီသိုဇင် ၁၀၀ ဂရမ် (သို့မဟုတ်) အီမီဒါကလိုပရစ် ၁၀၀ စီစီ ကို ရေ ၅၀၀ လီတာတွင်ဖျော်ပြီး ဖြန်းပါ။ ဆေးများကို ၇-ရက်မှ ၁၀-ရက်ခြား၍ ဖြန်းပါ။ ၁၁။ မီသိုင်းဒီမီတွန် ရွက်ဖြန်းဆေး (၂ စီစီ/လီတာ) ကို ဖြန်းပေးလျှင် ယင်ဖြူကိုကာကွယ်နှိမ်နင်းနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း အပင်တွေညိုး အရွက်တွေဝါနေပါတယ် ဘာဖြစ်တာလဲ ဘာဆေးသုံးရမလဲဗျ သိရင်ပြောပြပေးကပြာ ဆရာတို့
ဖြေကြားချက် 1 ခု
ဘာဖြစ်တာလဲ အမြန်သိချင်ပါတယ်
ဖြေကြားချက် 4 ခု
အရွက်တွေ ဝါတာကဘာပိုးကျတာလဲရယ်/ဆေးက ဘာဆေးဖြန်းရမှာရယ်ညွှန်ကြားပေးပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 3 ခု
ပဲတိစိမ်းရွှေဝါရောင်ထွန်းလျှင်ဘာဆေးသုံးရမည်လဲ
ဖြေကြားချက် 3 ခု
ပဲကြီးပင်မှာ ဒီလိုမျိုး အရွက်တွေဝါနေလို့ ဘာဆေးဖျန်းရမလဲရှင့်
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။