အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
777
လွန်ခဲ့သော ၄ နှစ် က · ရပ်စောက်

sulphur ကအပင်အတွက်ဘာတွေအကျိုးပြုပါသလဲ။ လိုတာထက်ပိုနေရင်ဆိုးကျိုးဘာတွေရှိပါသလဲ။

အပင်အာဟာရ ပြောင်း ဆာလဖာဓာတ်
Post image

ဖြေကြားချက် ၄ ခု

10,576 လွန်ခဲ့သော ၄ နှစ် က

ဆာလဖာက မွှားပင့်ကူသတ်ဆေးအဖြစ်အသုံးပြုနိုင်သလို ဖားဥမှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့မက်ဂ္ဂနီဆီယမ် ဖြစ်ပေါ်ခြင်းမှာလည်း အဓိကပါဝင်ပါတယ်။ များလွန်းရင်တော့ သံဓာတ်များသကဲ့သို့ အရွက်နီကြောင်ကြောင်နဲ့အမြစ်တိုတာတွေခဖစ်နိုင်သလို အရွက်တွေမှာ အဖြူလေးအဆင််တွေဖြစ်စေနိုင်ပါတယ်။ တရွက်လုံးဖွေးနေတာလဲမင်ဘူးလောက်မယ်ထင်ပါတယ်။ ကျေးဇူးပါ

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ မြေငန်ကို ပြုပြင်ပေးနိုင်ပါတယ်ခင်ဗျာ။နှစ်ရှည်ပင်များ ထုံးသုတ်ရာတွင် ထုံးတဆ၊ ဆာလဖာ(ကန့်)တဆ၊ ရေ ၅ဆဆ-၁၀ဆ ရောပြီးသုတ်နိုင်ပါတယ်ခင်ဗျာ။ ဆာလဖာက အမြစ်ဖွံ့ဖြိုးမှုကို အားကောင်းစေရုံမျှမက အပင်ရဲ့ အဓိကကြီးထွားဖွံ့ဖြိုးမှုဖြစ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ရာမှာ အဓိကလိုအပ်ပါတယ်။ ဆာလဖာဟာ အက်ဆစ်ဆန်တဲ့မြေမှာတောင် မြေဆီရဲ့ အဟာရစုပ်ယူနိုင်စွမ်းကို ‌အားပေးနိုင်ပါတယ်။ အကျိုးပြုအဏုဇီ၀ပိုးများရဲ့ လုပ်ငန်းများကိုလည်း အားပေးတဲ့အတွက် မြေခံထည့်မယ့်မြေဩဇာဟာ ကွန်ပေါင်းပြီးရင် ဒုတိယအကောင်းဆုံး မြေဩဇာဖြစ်ပါတယ်။ သူ့ချည်းပဲ ကျွေးတာမဟုတ်ပဲ နိုက်ထရိုဂျင်နဲ့တွဲထားတဲ့ ဆာလဖာမြေဩဇာဟာ ပိုမိုထိရောက်တာကို တွေ့နိုင်ပါတယ်။ အဆင်ပြေပါစေခင်ဗျာ။

777 လွန်ခဲ့သော ၄ နှစ် က

မဖွကွေဘူးလား

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။