ဖြေကြားချက် ၁ ခု
ပိန်းဥ စိုက်ပျိုးနည်း ပိန်းဥ၏ မူရင်းဒေသသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှ ဖြစ်သည်။ စပါးစိုက် လယ်မြေများ၊ မိုးများသည့်ဒေသများတွင် သဘာဝအလျောက် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးနည်းသည့် အထက် မြန်မာပြည် ယာမြေများတွင်လည်းရေသွင်း စိုက်ပျိုးနိုင်ပါကကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ (က) နှစ်သက်သော ရာသီဥတု မိုးရည်ချိန် (၈-၁၀) လက်မ အထက် ရွာသွန်းသောဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ နေ့အပူချိန် (၂၇-၃၅) စင်တီဂရိတ်၊ ညအပူချိန် (၂၀-၂၂) စင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ (ခ) မြေအမျိုးအစား ပိန်းဥသည် နုံးမြေ နှင့်ရေစီးဆင်းမှုကောင်းမွန်သည့်မြေအမျိုးအစားကို ကြိုက်သည်။ မြေချဉ်ငံဓာတ် (၅.၅) မှ (၆.၅) အတွင်း စိုက်ပျိုး ဖြစ်ထွန်းသည်။ မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။ ၂။ မျိုးရွေးချယ်ခြင်း ပိန်းဥ၏ ဥမွှာနှင့်သားတက် (၂) မျိုးလုံး အသုံးပြုနိုင်သည်။ ဥမွှာ၏ အရွယ်အစားပေါ် မူတည်၍ တစ်ဧကအထွက်နှုန်း ကွာခြားသည်။ အရွယ်အစား အထွက်နှုန်း (၂) လက်မအထက် (၉.၀၄)တန်/ဧက (၅၅၀၀ ပိဿ/ဧက) (၁-၂) လက်မကြား (၈.၁)တန်/ဧက(၄၉၇၀ ပိဿ/ဧက) (၂) လက်မအောက် (၇.၄)တန်/ဧက (၄၅၄၀ ပိဿ/ဧက) မျိုးဥရွေးချယ်ရာတွင် ရောဂါပိုးမွှားကင်းသော မိခင်ပင်မှ ယူရမည်။ မှိုသတ်ဆေး ကတ်ပတန်(၄၀ ဂရမ်/လီတာ) တွင် (၂) မိနစ်ခန့် စိမ်ပြီး စိုက်ပါက ဥပုပ်ရောဂါ (Corm Rot) ကို ကာကွယ်နိုင်သည်။ ၃။ မြေသြဇာ ထည့်သွင်းခြင်း မြေသြဇာအနေဖြင့်ဖော့စဖောရပ်စ် မြေသြဇာ လုံလောက်ရန် အရေးကြီးသည်။ ဥပုပ်ရောဂါကို ကာကွယ်နိုင်ရန် စိုက်ဘောင်များ အတွင်းတွင် ပိုတက်စီယမ် ၂၆ ပေါင်/ဧက (၇.၄ ပိဿ/ဧက) နှုန်း ထည့်သွင်းပေးသင့်သည်။ အခြား အနည်းလို အာဟာရများ ဖြစ်သော အာဟာရများ ဖြစ်သော ဇင့်၊ ကယ်ဇီယမ်နှင့် ဆာလဖာဓာတ်များ ချို့တဲ့ပါက ပိန်းအရွက်နှင့် ရိုးတံတို့တွင် လက္ခဏာများ ထင်ရှားစွာ ပြတတ်သည်။ ၄။ စိုက်ခင်းပြုစုခြင်း ပိန်းဥကို သားတက် (Sucker) မှလည်းကောင်း၊ ဥမွှာမှ လည်းကောင်း၊ ပိန်းရိုး၏ အရင်းမှ လည်းကောင်း ထိပ်ဖျားမှ (ဝ.၅-၁) လက်မခန့်ဖြတ်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင် ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ ချရမည်။ မြေသားနက်၍လေဝင်လေထွက်ကောင်းပြီးရေမဝပ်စေရန် လိုအပ်သည်။ ပိန်းဥစိုက်ပျိုးနည်းအပြည့်အစုံကိုစိုက်ပျိုးနည်းပညာ-စိုက်ပျိုးနည်းအခန်းကဏ္ဍတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ညာဘက်ထောင့်ကမျှားကိုနှိပ်ပြီး သီးနှံရွေးပြီးတော့လဲကြည့်လို့ပါတယ်။ အောက်ပါLinkတွင်လည်းပိန်းဥစိုက်ပျိုးနည်းအကြောင်းကိုဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-taro
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပိန်းဥ စိုက်တဲ့မြေမှာအခြားဘယ်သီးနှံတွေစိုက်လို့ရလဲသိချင်ပါတယ်ပြောပြပေးပါရှင့်
ဖြေကြားချက် 2 ခု
ပိန်းဥ ရဲ့အပင်မှာကျရောက်တတ်တဲ့ရောဂါနဲ့ပိုးမွှား(pests and diseases)အကြောင်းသိချင်ပါတယ်သိတဲ့သူပြောပြပေးပါရှင့်
ဖြေကြားချက် 1 ခု
ပိန်းဥမှာ ဘယ်လိုရောဂါ ပိုးမွှားတွေ ကျရောက်တတ်ပါသလဲဆိုတာ ပြောပြပေးစေလိုပါတယ်ဗျ ဘယ်လိုတိုက်ဖျက်သင့်တယ် ကာကွယ်...
ဖြေကြားချက် 2 ခု
ပိန်းဥကိုဘယ်လိုနည်းစနည်နဲ့စိုက်ရင်မြန်မြန်တူးဖော်ပြီးဈေးကွက်ပို့နိုင်မဲ့နည်းလေးကူညီပေးကြပါ
ဖြေကြားချက် 3 ခု
ပိန်းဥကိုတူးပြီး မပုပ်အောင်မျိုးထားနည်းလေးပြောပြပါဆရာတို့
ဖြေကြားချက် 3 ခု