အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးသု
ဦးသု 1,120
လွန်ခဲ့သော ၄ နှစ် က

ခရမ်းသီးပင်ပုံထဲကအတိုင်းပါဗျာ အရွယ်လေးရောက်လာမှ သေကုန်တယ် ဘာရောဂါလဲ ဘာဆေးသုံးရမလဲ ပညာရှင်များနှင့် အတွေ့အကြုံရှိသူများ မျှဝေပေးကြပါ ဗျာ။🤝🤝🤝🤝

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
အပင်အာဟာရ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၈ ခု

Koe
Koe 8,086 လွန်ခဲ့သော ၄ နှစ် က

ကျွန်တော်လည်း ဖြစ်ဖူးပါတယ်ခင်ဗျာ။ ရွက်ဖျန်းဆေးဖျန်းလိုက်တာ ပြန်ကောင်းလာပါတယ်ခင်ဗျာ။

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

ဘတ်တီးရီးယား ပင်ညိုး ရောဂါဖြစ်ပါတယ် ကုသရန် မြန်မာပြည်တွင် ဆေးမရှိပါ မြေကိုသာ ပြင်မှရပါမည် မြေကိုသေခြာ အပူဖြင့် ပေါင်းသင်ပါ - အပူဖြင့်ပေါင်းတင်ခြင်းဆိုသည်မှာ ထည်နက်နက်ထိုးပြီး မီးရှို့ခြင်း သို့ ပလက်စတိတ် အနက်စများအုပ်၍ နေပူများတဲ့အခါ ရေသွင်းခြင်းတို့ဖြစ်ပါသည် နောက်ပြီးရင်တော့ ဇီဝမြေဩဇာတစ်ချို့ဖြင့် ထိန်းနိုင်ပါမည် ဥပမာ အီးအမ် ဘိုကာချီ စိုက်ပျိုးတိုင်းသုံးပါ

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

အခုလို ပြန်ဖြေရတာလည်းဝမ်းသာမိပါတယ်ခင်ဗျာ။

ဦးသု
ဦးသု 1,120 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

အထက်ဖော်ပြပါ ပိုးများကြောင့် မဟုတ်ရင် အာဟာရ ချို့တဲ့ချင်းကြောင့်နဲ့ ရေ လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်ခင်ဗျာ။ ညနေပိုင်းရေသွင်းပါ။ ရွက်ဖျန်းအနေနဲ့ ပဲဖက်ပုပ်ရည်၊ ငါးအမိုင်နို(သို့) ရွက်ဖျန်းအားဆေးဖျန်းပေးနိုင်ပါတယ်ခင်ဗျာ။ အပင်သေတာမများခင် ဆောင်ရွက်ပေးသင့်ပါတယ်။ ဒါပေမဲ့ အရမ်းနောက်ကျသွားတဲ့အပင်တွေတော့ ပြန်ကောင်လာအောင် မကူညီနိုင်တော့ပါဘူးခင်ဗျာ။ နောက်ခါ အဲ့လို မဖြစ်အောင် မြေပြင်ချိန် ဘိုကာချီ၊ ဒိုချက်ကင်တို ထည့်ပေးပါခင်ဗျာ။

ဦးသု
ဦးသု 1,120 လွန်ခဲ့သော ၄ နှစ် က

ကိုက်ရာလည်း မတွေ့ပါ ပိုးလည်းမတွေ့ပါ အာဟာရချို့တည့်တာဖြစ်နိုင်ပါတယ် ဘယ်လိုလုပ်ဆောင်ရမလဲ မျှဝေပေးပါဗျာ။

ဦးသု
ဦးသု 1,120 လွန်ခဲ့သော ၄ နှစ် က

ဘာမှ မတွေ့ရပါဘူးဗျာ အာဟာချို့တည့်တာဖြစ်တယ် ဘယ်လိုလုပ်ဆောင်ရမလဲ မျှဝေပေးပါ။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

အမြစ်ကိုရိုက်ထားတာ သိပ့် မကြည်လို့ပါခင်ဗျာ။ အမြစ်ကို ကြည့်ပါ။ ကိုက်ရာလိုလို၊ ဘာလိုလို ဖြစ်နေပါက မြေတွင်းအောင်းပိုးကြောင့်ပါခင်ဗျာ။ ကိုက်ရာ မပါရင် ပင်စည်ခွဲကြည့်ပါ။ ပိုးရှိမရှိကြည့်ပါခင်ဗျာ။ ဘာမ မရှိဘူးဆိုရင်တော့ အာဟာရချို့တည့်တာဖြစ်နိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။