အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
120
လွန်ခဲ့သော ၄ နှစ် က

ပဲတီစိမ်းစိုက်ခင်းထဲယင်ဖြူများကျရောက်နေလို့ ဓါတုပိုးသတ်ဆေးများနဲ့နှိမ်နင်းသော်လည်းမရပါ။ ပိုပိုပပြီးများလာပါတယ်...

ပဲတီစိမ်းစိုက်ခင်းထဲယင်ဖြူများကျရောက်နေလို့ ဓါတုပိုးသတ်ဆေးများနဲ့နှိမ်နင်းသော်လည်းမရပါ။ ပိုပိုပပြီးများလာပါတယ်။ သဘာဝပိုးသတ်ဆေးများရှိရင် လမ်းညွှန်ပေးပါအုံးခင်ဗျ။

ဖြေကြားချက် ၁၀ ခု

1,337 လွန်ခဲ့သော ၄ နှစ် က

၅ရက်တစ်ခါရေးထားတာ ၁၅ ရက်တစ်ခါအမှန်ဖြစ်ပါတယ်

260,000 လွန်ခဲ့သော ၄ နှစ် က

အထက်ပါနည်းတွေထဲက မိမိဝန်းကျင်၌ အလွယ်ရနိုင်မဲ့ နည်းကိုသာ အသုံးပြုပါခင်ဗျာ။ အကုန်လုံးက အနည်းနဲ့အများထိရောက်ပါတယ်ခင်ဗျာ။

260,000 လွန်ခဲ့သော ၄ နှစ် က

သြဇာရွက် - ၃၀ ကျပ်သား ဆေးရွက်ကြီး - ၃၀ ကျပ်သား တိရစ္ဆာန်ကျင်ငယ်ရေ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒုတ္တာ - ၆ ကျပ်သား ရေ - ၁ ဂါလန် လတ်ဆတ်သော သြဇာရွက် (၃၀) ကျပ်သားကို ခုတ်စင်း၍ ရေ ၁/၂ ဂါလန်နှင့် ပြုတ်ပါ။ အရည်များ ပျစ်လာလျှင် အအေးခံ၍ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။ ပုလင်း ၁/၃ ခန့်ရရှိနိုင်သည်။ ဆေးရွက်ကြီး ၃၀ ကျပ်သားကိုလည်း ခြေမွ၍ ရေ၁/၂ ဂါလန်ထည့်ကာ ၄၅ မိနစ်ကြာ ပြုတ်ပေးပါ။ ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ညှစ်ယူထားပါ။ နွားကျင်ငယ်ရည်၊ နွားမစင်တို့ကို ရောသမမွေ၍ အနည်ထိုင်စေပါ။ အပေါ်ယံ အရည်ကြည် ၁/၃ ပုလင်းကို ရယူထားပါ။ အထက်ပါ စစ်ကျရည်သုံးမျိုးကိုရောစပ်၍ ဒုတ္တာ ၆ ကျပ်သား ထည့်ကာ ရောမွေသမ ပေးပါ။ ရရှိလာသော စစ်ကျရည်ပေါင်းကို ရေ ၁၃ ဂါလန်နှင့် ဖျော်စပ်၍ အသုံးပြုနိုင်ပြီဖြစ်သည်။

260,000 လွန်ခဲ့သော ၄ နှစ် က

(၁) တမာရွက်လတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား (၂)​ ရေ ၁ ဂါလံ တမာရွက်လတ်လတ်ဆတ်ဆတ်များကို နုပ်နုပ်စဉ်း၍ ရေထဲတွင်ထည့်ပြီး တစ်ညရေစိမ်ပါ။ (၂၄)​ နာရီ ရေစိမ်ပြီးပါက နောက်နေ့တွင် အရည်ကိုစစ်ယူပါ။ စစ်ရည်ကို (၄) ဂါလံရရှိအောင် ရေရောပါ။ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့် ရောစပ်ပြီး မွှေပေးပါ။ အရွက်များပေါ်တွင် စေးကပ်နေစေရန်ဖြစ်သည်။ ပြီးပါက ပက်ဖျန်းလို့ရပါသည်။ နောက်တစ်နည်းမှာ တမာရွက်များကို ရေထဲတွင်ထည့်ပြီး နာရီဝက်ခန့်ဆူအောင် ကျိုပေးရသည်။ ထို့နောက် (၁၂) နာရီကြာ အအေးခံထားပါ။ အအေးခံပြီးပါက အရည်ကို စစ်ယူပါ။ ထိုအရည်ကို (၄) ဂါလံရအောင် ရောစပ်ပါ။ ထိုအရည်ထဲသို့ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့်ရောစပ်ပြီး ပက်ဖျန်းနိုင်သည်။

260,000 လွန်ခဲ့သော ၄ နှစ် က

ငရုပ်သီးဖျော်ရည်ပြုလုပ်ပုံ ငရုပ်သီးမှည့် - ၃၀ ကျပ်သား ရေ - ၈ ပုလင်း ဆပ်ပြာ - ၂ ကျပ်သား ၁) ငရုပ်သီးမှည့် ၃၀ ကျပ်သားကို ပါးပါးလှီး၊ ရေ ၄ ပုလင်းဖြင့် ၁၅ - ၂၀ မိနစ်ကြာပြုတ်ပါ။ ၂) ဆပ်ပြာ ၂ ကျပ်သားကို ပါးပါးလှီးထည့်ပါ။ ၃) ပြုတ်ရည်ထဲသို့ ရေ ၄ ပုလင်းထည့်ပါ။ ၄) အေအးခံၿပီး အရည္စစ္ပါ။ ၅) အရည်ကို မိုးမရွာလျှင် တစ်ကြိမ်၊ မိုးရွာသောအချိန်တွင် တစ်ပတ် ၂ -၃ ကြိမ် ပက်ဖျန်းအသုံးပြုပါ။ နှိမ်နင်းနိုင်သည့် ပိုးမွှားအင်းဆက်များ - ပရွက်ဆိတ်၊ ပျ၊ ပဲသီးတောင့် ထွင်းပိုး၊ ဘလစ္စတာကျိုင်း၊ လောင်မီး ကျိုင်း၊ ခူကောင်များ၊ စိန်ကွက်ဖလံ၊ ပိုးနဂါး၊ ငမြှောင်တောင်၊ ရွက်ဖြတ်ပိုးများ၊ အကြေးပိုး၊ ယင်ဖြူ၊ ခရုပက်ကျိများ။

260,000 လွန်ခဲ့သော ၄ နှစ် က

ပထမဦးစွာ တစ်လီတာဆန့်တဲ့ ရေသန့်ပုလင်းထဲကို အုန်းဆီ ဟင်းစားဇွန်းတစ်ဇွန်း(၁၀) စီစီထည့်ပြီး KOH ဟင်းစားဇွန်းတစ်ဇွန်း (၁၀) စီစီထည့်ကာ ၎င်းထဲသို့ ရေဖြည့်ပြီး လှုပ်ပေးရပါမယ်။ အသုံးပြုပုံနှင့် ဆေးနှုန်းထားကတော့ ရေတစ်ဂါလံလျှင် ဆေးရည် (၄၀-၅၀) စီစီနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ဖျန်းပေးပါ။ လိပ်ပြာဖလံ အုပ်စုအတွက် ဆေးရွက်ကြီး (၅) ကျပ်သားခန့် ရေစိမ်၍ ဆေးရည်ထဲသို့ ပေါင်းထည့်ပေးပြီး ပက်ဖျန်းလျှင် ပိုပြီး ထိရောက်ပါတယ်။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က
အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

လိမ္မော်ရောင်စာတန်းများကိုနိုပ်၍ လေ့လာနိုင်ပါတယ် ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည်

120 လွန်ခဲ့သော ၄ နှစ် က
118 လွန်ခဲ့သော ၄ နှစ် က

ပဲတီစိမ်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။