ဖြေကြားချက် ၂ ခု
အစေ့ချစိုက်တာရဲ့အားသာချက်က အချိန်ကုန်သက်သာစေတယ်။ အားနည်းချက်က တော့ မျိုးပိုသုံးရတယ်။ အပင်နုချိန် ပိုးမွားဘေးကနေ မကာကွယ်နိုင်ဘူး။ ပျိုးပီးမရွှေ့စိုက်တာက မျိုးကုန်သက်သာတယ်။ ပြောင်းမစိုက်ခင် အပင်ငယ်ချိန် ဂရုစိုက်ပေးနိုင်တယ်။ အားနည်းချက်ကတော့ အချိန်ပိုသုံးရတယ်။ ပျိုးစိုက်ခ သွင်းအားစု အနည်းငယ်များတာရယ်ပါခင်ဗျာ။ အိမ်စားဆိုတော့ ကျွန်တော့် ယူဆချက်အရ ပျိုးပီးမရွှေ့စိုက်တာပိုကောင်းပါတယ်။ တစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေးမှာ (၄ - ၆) လက်မ၊ တစ်တန်းနှင့် တစ်တန်း (၂)ပေခန့်ထားရသည်။ မျိးစေ့ချစိုက်ချင်ရင်တော့ စိုက်ပြီးသော ဘောင်ပေါ်တွင် ကောက်ရိုး ကို တစ်ပေခန့် အရှည်ဖြတ်ပြီး ဖုံးပေးရသည်။ ဤကဲ့သို့ ဖုံးပေးခြင်းဖြင့် မိုးပေါက်မှန်ခြင်း၊ နေရာမှ လွင့်စင်ခြင်း မှ ကာကွယ်ပေးပါသည်။ စိုက်ပြီး (၄) ရက်အကြာတွင် အပင်ငယ်များစတင်ပေါက်လာသည်။ စိုက်ပျိုးပြီး (၁၀-၂၀) ရက်ခန့်တွင် ပေါင်းရှင်း ပေးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် အသန်ဆုံးတစ်ပင်သာ ချန်ခဲ့ပြီး ကျန်အပင်များကို နှုတ်ပစ်ရပါသည်။ အပင် ငယ်စဉ် ရေဝပ်ခံရပါက ဆက်ခက်မကြီးထွားတော့ဘဲ အရွက်များဝါလာပြီး ခါးရိ၍ သေတတ်ပါသည်။ ( အများစုကတော့ အစေ့ချစိုက်ကြတာပါခင်ဗျာ။)
ဆက်စပ်မေးခွန်းများ
ဘာပိုးလဲခင်ဗျ ဘာဆေးသုံးရမလဲ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျ အတော်အခက်တွေ့နေပါတယ်
ဖြေကြားချက် 2 ခု
မုန်လာဥဖြူ စိုက်ပျိုးချိန်လေးနှင့်မျိုးစေ့အမည်လေးသိချင်ပါတယ်ရှင့်
ဖြေကြားချက် 1 ခု
လက်ရှိအခြေအနေတွေကြောင့် မရောင်းရတော့ပါဘူး။ နောက်ထပ်အခင်းသစ်ကလဲ ရက်ပိုင်းဆိုရင် နှုတ်ရက်ရောက်ပါပြီ။ ပိုးတီလှီး...
ဖြေကြားချက် 1 ခု
ကျွန်တော့်မုန်လာပင်လေးတွေဒီလိုဖြစ်နေတယ်ဗျ။ ဘယ်လိုဆေးမျိုးသုံးလို့အဆင်ပြေနိုင်မလဲဗျ။
ဖြေကြားချက် 2 ခု
ကျွန်တော် မုန်လာဥဖြူစိုက်နေတာပါခင်ဗျ... အခု ပန်းတွေပွင့်လာပါတယ်ခင်ဗျ... ပန်းပွင့်ကိုင်းတွေကို ချိုးပြီး ဖယ်...
ဖြေကြားချက် 2 ခု