အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Mg Zwe
Mg Zwe 3,756
လွန်ခဲ့သော ၄ နှစ် က · ကျုံပျော်

တင်လဲရည် / သကာရည်ဆိုတာ ဘယ်လိုအရာမျိုးကိုခေါ်တာလည်းခင်ဗျာ စိုက်ပျိုးရေးဆိုင်တွေမှာဝယ်သူသုံးစွဲလို့ရနိုင်ပါသလား တင်လဲရည် အစားထိုး ထန်းလျှက်ရည် သုံးလို့ရာပါသလားခင်ဗျာ ကျေးဇူးပြု့ပီး ဆရာများဖြေပေးကြပါ

စိုက်ပျိုး ဗဟုသုတ နံနံ

ဖြေကြားချက် ၇ ခု

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ထန်းလျှက်ရည်သုံးရပါတယ် အချို့ဓာတ်ကတော့ ၇၀% အထက်ရှိရပါမယ် အချိုဓာတ်တိုင်းကရိယာ brix meter ရှိဖို့တော့လိုအပ်ပါမယ် အကြမ်းဖျဉ်းကတော့ ရေတစ်လီတာ ထန်းလျှက်ညို ၅၀ သားဖြစ်ပါတယ်

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

တင်လဲရည် / သကာရည်ဆိုတာ ကြံကနေ ထွက်တဲ့ အချိုရည်တစ်မျိုးပါခင်ဗျာ။ ဆေးသကြားကလွဲလို့ ကျန်တဲ့ အချို အကုန်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့တစ်ခုက ထန်းလျှက်ရည်ကို ကျိုတဲ့အခါ ထန်းလျှက်အဖြူထက် အကြမ်းက ပိုထိရောက်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေခင်ဗျာ။

အမည်မသိ
အမည်မသိ 760 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကြံကိုကျိုချက်ပြီးအပေါ်မှအရည်ကိုတင်းလဲရည် အောက်အနည်ထိုင်သည့်အရည်ကိုသကာရည်ဟုခေါ်ပါတယ်

အမည်မသိ
အမည်မသိ 296 လွန်ခဲ့သော ၄ နှစ် က

တင်လဲရည်ဆိုတာထန်းရည်အချိုကိုထန်းလျှက်ပြု လုပ်ဖို့ကျိုချက်ရာမှရ ရှိတဲ့အရည်ပါ။သကာရည်ဆိုတာလဲကြံရည်ကိုကျိုချက်ရာမှရ ရှိတဲ့အရည်ပါ။တင်လဲရည်ဆိုတာထန်းလျှက်ရည် သကာရည်ဆိုတာကြံသကာရည်။

aye mya thin
aye mya thin 122 လွန်ခဲ့သော ၄ နှစ် က

ထန်းလျှက်ရည်သုံးလို့ရပါတယ် ထန်းလျှက်ကိုကြွက်မြီးတန်းအနေအထားရောက်အောင်ကြိုပြီးသုံးလို့ရပါတယ်

Mg Zwe
Mg Zwe 3,756 လွန်ခဲ့သော ၄ နှစ် က

ဟု့ကဲ့ အခု့လိုဖြေကြားပေးတာ ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ

အမည်မသိ
အမည်မသိ 760 လွန်ခဲ့သော ၄ နှစ် က

ထန်းလျှက် သကြားညို ကြံသကာ တင်းလဲရည် နှစ်သက်ရာသုံးနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။