အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Min Thu
Min Thu 174
လွန်ခဲ့သော ၄ နှစ် က · ဓနုဖြူ

ကွမ်းရွက်တေ အောက်ပါပုံအတိုင်း အရွက်တေတွန့်ပီး ကုပ်နေပါတယ် ဘယ်လိုအကြောင်းကြောင့်ဖြစ်ရတာနဲ့ ဘာတေလုပ်သင့်ပါသလဲ လွန်ခဲ့တဲ့ ၂ပတ်အကျော်ကတော့ sulphurပါတဲ့မှိုသတ်ဆေးဖြန်းခဲ့ပါတယ်

စိုက်ပျိုးစီးပွား ကွမ်း
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

Phyo Naing Aung
Phyo Naing Aung 1,046 လွန်ခဲ့သော ၄ နှစ် က

ကွမ်းအပင်အဆစ်တေပျက်ကျပီးသေတာဘာဆေးသုံးရမလဲခဗျ

yekoko
yekoko 174 လွန်ခဲ့သော ၄ နှစ် က

နီးစပ်ရာ စိုက်ပျိုးရေးဆေးဆိုင်မှပ င်လုံးပြန့် အာနီသင်းဆေး ဖျန်းပါစုပ်စားပိုးကြောင့်ပါ

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

ကွမ်းအရွက်တွန့်တယ်ဆိုတာ စုပ်စားပိုးကြောင့်ဖြစ်နိုင်သလို ရေပေးရေထုတ်မညီညာခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လွန်ကဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်ခင်ဗျာ။ ဒီပုံအရဆိုရင်တော့ အာဟာရချို့တဲ့ခြင်းဖြစ်နိုင်ပါတယ်ခင်ဗျာ။ ငါးအမိုင်နို (သို့) သစ်သီးအမိုင်နို ဖြန်းပေးနိုင်ပါတယ်ခင်ဗျာ။ ၃ရက်တစ်ခါဖြန်းပေးပါ။ ၅ကြိမ်လောက်ဖြန်းပြီးရင် သိသိသာသာ ပြန်ကောင်းလာမာပါခင်ဗျာ။ အဆင်ပြေပါစေ။

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

အဲ့ဆို ကယ်ဆီယမ် ပါတဲ့ ရွက်ဖျန်း နဲ့ အခြား နှစ်သက်ရာ အရွက်အားဆေး ငါးအမိုင်နို သို့ ဆိုင်ရောင်း အမိုင်နို ပေးကြည့်ပါ စုပ်စားပိုးတော့သေခြာလေး အရွက်အောက်ချေတွေကို လှန်စစ်ပေးပါ

Min Thu
Min Thu 174 လွန်ခဲ့သော ၄ နှစ် က

ဘောင်ပေါ်ကိုပဲဖြူးတာဆိုတော့ မိုးတွင်းက မိုးရေနဲ့မျောလောက်ပီ‌ပေါ့ ဆရာ

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

ကယ်ဆီယမ်ဓာတ်ကြောင့်ထင် မြေခံမှာ ထုံးခံခဲ့ပါသလားခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။