အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၄ နှစ် က · ဇမ္ဗူသီရိ

ကျွန်မတို့ပျိုးစိုက်တဲ့စပါးခင်းမှာ ပင်ခြေမှာရေညှိတွေတအားတက်နေလို့ ဘာနဲကာကွယ်ရင်ရနိုင်မလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၆ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ စပါး စပါးပင်နှင့်ရေညှိ

ဖြေကြားချက် ၃ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

စပါးခင်းတွင် ပုလဲမြေဩဇာသုံးစွဲမှုများလျှင်လည်းကောင်း၊ မြေချဉ်လျှင်လည်းကောင်းဖြစ်တတ်ပါသည်။ ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။ သဘာဝမြေဩဇာများ သုံးစွဲပေးပါ။ ထုံးဖြူးပေးပါ။ ကော့ပါး အောက်စီကလိုရိုက် Copper Oxichloride ကို ဆေးဖျန်းပုံးတစ်ပုံး လျှင် (၅၀) ဂရမ်ဖြင့် ဖျန်းပေးပါ။ တစ်ဧကကို ဒုတ္ထာ (၅)ပေါင်/(၁၀)ပေါင် (သို့) ကော့ပါးဟိုက်ဒြောဆိုက်ကို သုံးနိုင်ပါသည်။ ဆေးသုံးပြီးလျှင် ကန်သင်းလုံအောင်လုပ်ပေးပါ။ ရေလျှော့၍ရလျှင် ရေနည်းနည်းလျှော့ပြီးမှ ဆေးသုံးပါ။ မြေဩဇာသုံးလျှင်လည်း ကျောက်မှုန့်ထည့်သုံးပေးပါ။ Coptrol (CuSO4) အရည် (၁) လီတာလျှင် (၁) ဧကနှုန်းသုံးပါ။ ရေ ၄ လက်မလျှင် ၀.၈ လီတာ/ဧက၊ ရေ ၆လက်မလျှင် ၁.၂ လီတာ/ဧက၊ ရေ ၆ လက်မအထက် ၁.၆ လီတာ/ဧက

အတည်ပြုပြီး 33,915 လွန်ခဲ့သော ၄ နှစ် က

တချို​ဒေသတွေက​တော့၊ပကန်လို့​ေခါ်ကြတယ်။ရေညှိပငတွေကိပေါင်းသတ်​ဆေးနဖြေရှင်းဖို့ကြိုးစား​ပေမယ့်..မ​အောင်မြင်ပါ။ ရေညိ​ရေ​မှော်ဟာအပင်အတွက်​မြေသြဇာရတယ်ဆို​ပေမယ်..ဒီ​ရေညှိက.. အပွားမြန်ပြီး စပါးပင်ကိုရစ်ပတ်ကာ၊ဒုက္ခဖြစ်​စေပါတယရေ​လှောင်ကြာရှည်တဲလယ်​တွေ၊ သို့မဟုတ်ရေထုတ်ရခက်တရေနက်ကွင်း​တွေ.မြေ အချဥ်ဓါတ်များတဲလယ်​တွေ အဖြစ်များပါတယ်။ ယခင်က​တော့..မြန်မာနိုင်ငံအောက်ပိုင်းမှာဘဲဖြစ်​ပေမယ့်ခု​တော့မြေတေ့ပျက်၊pH နိမ့်ပြီး အက်ဆစ်ဆနလာတာ​ကြောင့် အညာ​ဒေသရွှေ့ဘို မှာပင်​တွေ့ရပါတယ်။ ကုစားဖို့က​တော့..ပိုတက်စီယံ ဆာလဖိတ် သို့မဟုတ်ကော့ပါးဆာလဖိတ်/ပက်ပါ။

193,301 လွန်ခဲ့သော ၄ နှစ် က

စပါးခင်းထဲ ရေညှိတွေရှိနေတယ်ဆိုလျှင် ဒီlink ကိုနှိပ်ပြီးဖတ်ကြည့်လိုက်ပါရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။