ကြက်ဟင်းခါးပင်တွေညှိုးပြီးသေနေတယ်အဲဒါဘယ်လိုလုပ်ရမှာလည်းပြောပေးပါအုံးဆရာတို့ရယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၅ ရက်
ဆေးတမျိုးမျိုး ဖျန်းပြီးမှ ဖြစ်တာဆိုရင်ဆေးကြောင့်..ဖြစ်နိုင်ပါတယ်။ အရွက်ကိုကြည့်ရတာတခုခုအပူလောင်သလိုဘဲ။ အကယ်၍ ဘာမှ မဖျန်းဘူးဆိုရင်သေတဲ့အပင်ရဲ့ အမြစ်ကိုနုတ်ကြည့်ပါ။ အမြစ်နာသလား အမြစ်ပိုးရှိသလား စသဖြင့်အကြောင်းရင်းကိုသိမှ ဘာလုပ်သင့်တယ်ဆိုတာ အကြံပြုနိုင်မှာပါ။
ကြက်ဟင်းခါးပင်တွေဘက်တီးရီးယားပင်ညှိုးကျနေတာကာဆူမင်ဖြန်လို့လည်းမပျောက်ဘူးအဲဒါဘာဆေးဖြန်ရပါမလဲ
ဘက်တီးရီးယာရောဂါဝင်နေတဲ့ အပင်ကို ကာဆူမင်နဲ့ ကျုပရိုမက်ရောဖျန်းနိုင်ပါတယ်။သို့ပေမယ့် လူကြီးမင်း အပင်က မြေဆီလောင်လို့အရွက်ခြောက်တာဆိုရင်တော့ အကျိုးမရှိနိုင်ပါ။ စပါး ဘက်တီးရီးရွက်ခြောက်ရောဂါ ကို ဖျန်းနိုင်ပါတယ်။ xanthomonas Bacterial diseaseကြောင့်ဆိုရင် အတိုင်းအတာတခုအထိကာကွယ်ပေးပါတယ်။
ဆရာရယ်ကာဆူမင်နှင့်ကျူပရိုမက်ရောဖြန်းလို့ရပါသလား
အခုလိုစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရယ်
ဖျန်းလို့ရပါတယ်ခင်ဗျာ
ကြက်ဟင်းခါးပင်တွေမှာမက်တယ်လက်စီဖျန်းထားတာသုံးရက်ရှိပြီအခုကော့ပါးနဲ့ကာဆူမင်ဖြန်းလို့ရလောက်ပြီလား
ကျေးဇူးတင်ပါတယ်
ယူရီးယားကေ မြ ေပါ်ပက်ကျွေးရင်.မြေကြီးထဲထက်၊အပေါ်ကိုအငွေ့ပျံပါတယ်။ အဲအငွေ့က နီးစပ်ရာအရွက်ကိအပူလောင်စေပါတယ်။ဒါကြောင့် ယူရီးယားကို၊ရေဖျော်ကျင်းဖောက်သို့မဟုတ်၊ဖုံးပြီးကျွေးရပါတယ်။
တစ်ပင်တစ်လေပဲ ဖြစ်သေးတယ်ဆိုရင်တော့ အမြစ်ပါနုတ်ပစ်ပြီး အဝေးကို ပစ်ပါခင်ဗျာ။ ကူးစပ်မြန်တဲ့ဘက်တီးရီးယားရောဂါမို့လို့ပါခင်ဗျာ။
ယူရီးယားတော့ကျွေးပါတယ်ဆယ့်နှစ်ရက့်လောက်ရှိပြီနောက်ပြီးအော်ဂဲနစ်အရွက်ရည်လုပ်ဖြန်းထားဒါရှိတယ်နောက်ပြီးမာတယ်လာစီဖြန်းထားတယ်
အောက်ရွက်၃/၄ရွက် ပယ်ပစ်ပါ။ ပြီးမှဆေးဖျန်းပါ
မညှိုးသေးတဲ့အပင်ရှိသေးရင် ပထမအဆင့်..ကော့ပါးနဲ့ ကာဆူမင်(၅ဇွန်းစီရောဖျန်းပါဆေးတပုံးစာပါ။ ဒုတိယအဆင့်က..ကာဆူမင်မရရင်.. စထရက်တိုမိုက်စင် ဆေးတပုံး/ ၁၀ဂရမ် ဖျန်းပါ
ဘာမှမဖျန်းသေးဘူး၊ယူရီးယားလဲပက်ကျွေးမထားပဲ၊၊အပူလောင်သလိုညှိုးရင် ဘက်တီးရီးယာပင်ညှိုးရောဂါ ဖြစ်နိုင်ပါတယ်။ ကူးစက်မြန်မယ်။ ၂/၃ရက်အတွင်းအသေများမယ်
အမြစ်မှာပိုးတွေလည်းမတွေ့မိဘူးဗျာပထမတော့အောက်ရွက်တွေမှာအပူလောင်သလိုမျိုးဖြစ်လာပြီးအပင်ကညှိုးကျပြီးသေသွားတယ်
ဆက်စပ်မေးခွန်းများ
အသီးအပွင့်အားဆေးနဲ့ပိုးသတ်ဆေး ရောဖျန်းလို့ရပါသလားသိချင်ပါတယ်
ဖြေကြားချက် 4 ခု
ကြက်ဟင်းခါးသီးပင်မှာ ပိုးကျနေလို့ပါ။ ဘာပိုးလဲခင်ဗျ။ သိတဲ့ဆရာများရှိရင်ပြောပြပေးပါနော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာ...
ဖြေကြားချက် 2 ခု
အဲ့လိုဝါနေတာဘာဖြစ်တာလဲဗျ.....ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 4 ခု
ဆရာရယ်ကဿ်ဟင်းခါးပင်တွေအပင်တွေညှိုးပြီးသေနေလို့ဘယ်လို့လုပ်ရမှာလည်းပြောပေးပါအုံ့
ဖြေကြားချက် 10 ခု
ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။