အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3,702
လွန်ခဲ့သော ၄ နှစ် က · ညောင်လေးပင်

ကျွန်တော်တို့ဒေသအခေါ်မြက်ရဲပေါ့ဘယ်လိုမျိုးပွားတာလဲပေါင်းသက်ဆေးမသုံးဘဲအခြားနည်းလမ်းနဲ့ဘယ်လိုနှိမ်နင်းရမလဲဆရာ...

ကျွန်တော်တို့ဒေသအခေါ်မြက်ရဲပေါ့ဘယ်လိုမျိုးပွားတာလဲပေါင်းသက်ဆေးမသုံးဘဲအခြားနည်းလမ်းနဲ့ဘယ်လိုနှိမ်နင်းရမလဲဆရာတို့

ခေတ်သစ်စိုက်ပျိုးရေး စပါး စပါးပင်နှင့်ပေါင်းမြက်
Post image

ဖြေကြားချက် ၂ ခု

260,000 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အစေ့ကနေ ပေါက်သလို အဆစ်ကနေလဲ ပေါက်နိုင်ပါတယ်ခင်ဗျာ။ ဒီဒေသမာတော့ မြတ်ခါးလို့ခေါ်ပါတယ်။ အပွားမြန်တယ်။ မျိုးစေ့က ရေနဲ့မျောပြီးဖြစ်စေ၊ မြေထဲမာ အကြာကြီးနေပြီးမဖြစ်စေ ပေါက်ရောက်သည်။ မီးသ်ငးရုံနဲ့ မရ၊ ထွန်မွေပေါင်းရင်းမ ရမည်။ ပနိမ်နင်းပါက စပါးအထွက်နုန်းကို ၂၀% ကနေ ၇၀%နုန်းထိ ထိခိုက်နိုင်တာမို့ အထူး သတိပြုရပါမယ်ခင်ဗျာ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,116,236 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

မျိုးပွားတာက​တော့ အ​စေ့က​နေပွားတာပါပဲ။ အနှစ်နှစ်အလလက,ကျကျန်ခဲ့တဲ့မျိုး​စေ့​တွေ၊အ​ဟောင်းအသစ်​တွေ ​၊​မြေကြီးထဲမှာ ရှိ​နေပါတယ်။ရာသီဥတု အ​ခြေအ​မေ​ပေးတာနဲ့​ပေါက်လာပါတယ်။ ဆိုလိုတာက, ​မြေထဲမှာ နှစ်ရှည်ကြာ​နေနိုင်ပါတယ်။ မြက်ရံဟာ၊ ​ပေါင်းသတ်​ဆေးသုံးရင်​တောင်မှ၊​တော်ရုံaiအုပ်စု​တွေ မတိုးပါဘူး။ သီးနှံအလွတ်ဆိုရင်​တော့၊​ပေါင်းသတ်​ဆေးနဲ့ ရပါတယ်။စပါးခင်းထဲမှာ​တော့ စပါးနာ​အောင်ဖျန်းယူရတဲ့​ပေါင်းပါ။ အခု​မေးတာက,​ပေါင်းသတ်​ဆေးမသုံးဘဲ ​ဖြေရှင်းနည်းက​တော့.. သီးနှံမစိုက်မီ.​ပေါင်း​ပေါက်​စေပြီးမှ.. ​ပေါင်းပင်၇-၁၀ရက်သားကို ထယ်ထိုး ထွန်​မွှေ ပြီး တမန်းအပုပ်ခံပါ။ စပါးစိုက်ပြံးမှ ပြန်​ပေါက်လာရင်လည်း.. စပါးတန်းကြားထဲကို ကြားလိုက်ကိရိယာနဲ့ တမန်းနိုးပြီး ​မြေမြှုပ်ပစ်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။