အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
524
လွန်ခဲ့သော ၄ နှစ် က · ကျိုက်ထို

ငရုတ်ပင်အချို့ အရွက်ဝါ အရွက်တွန့်များဖြစ်ပေါ်နေပါသည်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
မြူဆိုင်း၍ နေသာ
Post image
Post image

ဖြေကြားချက် ၂ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

စုပ်စားပိုးပါခင်ဗျာ။ ကျရောက်မူ အတော်များရင် ဓာထုပိုးသတ်ဆေးနဲ့ နိမ်နင်းနိုင်ပေမဲ့ တစ်ပင်တစ်လေဆို ဆေးရွက်ကြီး ပိုးသတ်ဆေးရည်နဲ့ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။ (က) ဆေးရွက်ကြီး စစ်ကျရည် - စင်းထားသော ဆေးရွက်ကြီး(၆၀) ကျပ်သားကို ရေ(၃) ဂါလံတွင် ပါး ပါးလှီးထားသော ဆပ်ပြာစအနည်းငယ်ရောစပ်ပြီး တစ်ရက်စိမ်ထားပါ။ နောက်နေ့တွင် စစ်ချပြီး ချက် ခြင်းအသုံးပြုပါ။ အသုံးပြုပြီးလျှင် ပစ္စည်းကိရိယာများကို ချက်ခြင်းဆေးကြော သန့်စင်ရမည်။ (ခ) ဆေးရွက်ကြီး ပြုတ်ရည် - ခူကောင်များ၊ ကျိုင်းကောင်များ၊ ပင်စည်ထိုးပိုးများ၊ ရွက်ထွင်းပိုး၊ ပျပိုး နှင့်သရစ်ပိုးများ ကာကွယ်နှိမ်နှင်းရာတွင်လည်းကောင်း၊ ဘဝဖြစ်စဉ်အချို့တစ်ဝက် မြေထဲတွင်နေထိုင် သော ဖြတ်ပိုးကဲ့သို့သောအကောင်များ ကာကွယ် နှိမ်နှင်းရာတွင်လည်းကောင်း အသုံးပြုသည်။ ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ဆပ်ပြာရည် (၁.၈၀) ကျပ်သားနှင့် ရေ (၅) ပုလင်း တို့ကိုရောစပ်ပြီး အနည်းငယ် ဆူသည်အထိ မိနစ်(၃၀) ခန့်အပူပေးပါ။ ထို့နောက် အအေးခံပြီးစစ်ချပါက ဆေးရွက်ကြီး ပြုတ်ရည်ကို ရရှိမည်။ ထိုရရှိလာသော ပြုတ်ရည်တစ်ဆလျှင် ရေ (၄) ဆနှုန်း ရောစပ်ပက်ဖြန်းပါ။ မဖောက်ထုံး အနည်းငယ်ရောစပ် ပက်ဖြန်းပေးပါက ပိုးသတ်နိုင်စွမ်း ပိုမိုထက်မြက်ပါသည်။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က

စုပ်စားပိုး(​လှေး၊မွှားတမျိုးမျိုး)​ကြောင့် ရွက်​သေးထိုး/ ရွက်တွန့် ဗိုင်းရပ်ဝင်​​နေတာပါ။ အစီတာမီပရစ်(အဆက်-20) သိုင်ယာမီသိုဇင်(တင်းဒါး၊စက်ကင်းရှယ်၊အီသာပလပ်၊..) တမျိုးမျိုးကို ၄ဂါလံ​ဆေးတပုံး ၂၀-၃၀စီစီ နုန်းဖျန်းပါ။ အရွက်ဝါတာကလည်း စုပ်စားပိုး​ကြောင့် အာဟာရချို့တာပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။