အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · မြစ်ကြီးနား

ခြံအသစ်ထဲက ထောပတ်ပင်တွေက ၁၅နှစ်သားကျော်နေကြပေမယ့် အသီးမသီးတာ ပွင့်ပြီးကြွေတာတွေဖြစ်နေလို့ ဘယ်လိုပြုစုရမလဲ ထို့...

ခြံအသစ်ထဲက ထောပတ်ပင်တွေက ၁၅နှစ်သားကျော်နေကြပေမယ့် အသီးမသီးတာ ပွင့်ပြီးကြွေတာတွေဖြစ်နေလို့ ဘယ်လိုပြုစုရမလဲ ထို့အတူ ငရုပ်ကောင်းပင်တွေလည်း ဒီနှစ်လုံးဝနီးပါးမသီးကြဘူး အကြံများရလိုပါတယ် မြစ်ကြီးနား ကပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း ငရုတ်ကောင်း ငရုတ်ပင်အာဟာရချို့တဲ့ခြင်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

အ​စေ့စိုက်အပင်ဆိုရင်​တော့.. ကိုင်းဖြတ်ပြီး မျိုးကိုင်း ကူးတာကို ပိုကြိုက်ပါတယ်။ သီးတာလည်းမြန်မယ်။ အသီးတင်အား​ကောင်းမယ်။ အစာ​ကျွေး၊​ရေသွင်း​တော့ လုပ်​ပေးရမယ်ဗျ။

260,000 လွန်ခဲ့သော ၄ နှစ် က

အဟာရချို့တဲ့ခြင်းကြောင့် နဲ့ အစိုဓာတ်ကြောင့်လို့ ယူဆရပါတယ်။ သေချာသွားအောင် ပုံလေးရိုက်ပြပေးပါခင်ဗျာ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

၁၅​နှစ် ဆိုရင်​တော့၊အ​တော်များသွားတယ်။ အာဟာရဓါတ်ချို့တဲ့တာဖြစ်မယ်ဗျ။ ပုံမမြင်ရ​တော့ အပင်ဖြစ်ထွန်းမှုမသိရဘူး​ပေါ့။ ဒါ​ပေမယ့် ပွင့်ပြီးအသီးမတင်တာက​တော့ အာဟာရချို့တဲ့လို့။ ​ရေနည်းခြင်း/များခြင်း​ကြောင့်။ ပိုးမွှား/​​ရောဂါ​ကြောင့်ဖ့စ်နိုင်ပါတယ်။ အဲဒီအချက်​တွေ အရင်လုပ်ကြည့်ပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။