အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ဇင်မင်းထက်
လွန်ခဲ့သော ၄ နှစ် က · ပြည်

ခုနွေရာသီမာ ကောက်ရိုးမှိုပုံကို အလင်းများ၍၎င်း အပူချိန်များ၍၎င်း မှိုမျိုးသေသွားခဲ့သောကြောင့် ဘယ်လိုလုပ်ဆောင်ရပါမလည်း မှိုမျိုးသေလို့ မှိုပေါက်နိုင်သေးလား သက်တမ်းအားဖြင့်၁၃ရက်ရှိပါပီ မှိုပေါက်လာအောင် ဘယ်လိုလုပ်ဆောင်ရပါမလည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၃ ရက်
စိုက်ပျိုးနည်း မှို (ကောက်ရိုးမှို)

ဖြေကြားချက် ၂ ခု

မောင်ဇင်မင်းထက်
မောင်ဇင်မင်းထက် 1,801 လွန်ခဲ့သော ၄ နှစ် က

မှိုမျိုးသေ သွားလို့ ဘယ်လိုလုပ်ဆောင်ရမာပါလည်း

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၄ နှစ် က

မှိုစိုက်ပျိုးတာက ရေ၊ မြေတော့ သိပ်မရွေးပေမယ့် ရာသီဥတုအလိုက် သူလိုအပ်တဲ့ စိုထိုင်းဆနဲ့ အပူချိန်ကိုတော့ ပေးနိုင်ရပါတယ်။ နွေရာသီမှာစိုက်ပျိုးမယ်ဆိုရင် အပူချိန် ၂၇ ကနေ ၃၅/၃၈ ဒီဂရီစင်တီဂရိတ် အတွင်းလောက် ရှိရပါတယ်။ စိုထိုင်းဆကတော့ ၆၀ ရာခိုင်နှုန်းအထက်ရှိရင် ကောင်းပါတယ်။စိုက်ပျိုးပြီး (၅)ရက်လောက်အကြာမှာ ဘောင်လှပ်ကြည့်တဲ့အခါမှာ တစ်ကြိမ်။ မှိုခူးရက်ရောက်ဖို့ (၇)ရက်/(၈)ရက်လောက် ထပ်စောင့်ရတဲ့အခါမှာ တစ်ကြိမ်။ အဲ့ဒီအချိန်တွေ အတောအတွင်းမှာ ကျွန်တော်တို့က မှန်းဆပြီး မှိုဘောင်သည် ခြောက်သွားနိုင်တယ်ဆိုမှသာ ရေပေးရမယ်။ မခြောက်နိုင်ဘူးဆိုရင်တော့ ရေပေးစရာ မလိုသေးဘူး။ ပတ်ဝန်းကျင်စိုထိုင်းဆကိုကြည့်ပြီး ရေပေးမပေးဆုံးဖြတ်ရတာပါ။ မှိုဘောင်ပေါ် တိုက်ရိုက် ရေပေးရတာမဟုတ်ဘူး။ ဘောင်လုပ်ထားတဲ့ ခေါင်မိုးပေါ်၊ ဘောင်ပတ်ချာလည်တို့မှာ ပတ်ဝန်းကျင်စိုထိုင်းဆ ရှိအောင် အမြဲလုပ်ပေးရတာပါ။ ဆောင်းရာသီမှာတော့ အပူလိုအပ်တဲ့အတွက် ဘောင်ကျယ်လေလေ ရှည်လေလေ အပူရလေလေပါ။ နွေရာသီကျတော့ ဘောင်သေးမှသာ အပူဒဏ်ကိုထိန်းနိုင်တာ ဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။