ဖြေကြားချက် ၂ ခု
မျိုးစေ့ကို မြေပဒေသာကျွန်း စိုက်ဆေးဆိုင်မှာ မေးဝယ်ပါ။ စိုက်နည်းစနစ် စာအုပ်ပါ တပါတည်းဝယ်လို့ရပါတယ်ဗျ။ အခုမှ စစိုက်မှာဖြစ်လို့ ၊အစအဆုံး အသေးစိတ်ဖော်ပြဖို့ခက်ပါတယ်။ (က)မျိုးစေ့ပျိုးထောင်ခြင်း ။ ။ အစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ ပတ်မှ ၆ ပတ် ကြာတတ်သဖြင့် ၃ဝံ စင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့် အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။ (ခ) စိုက်ပျိုးခြင်း ။ ။ မြေဆွေးဩဇာဓာတ်များသည့်မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ် ၃ ပေ ၊ အနက် ၁ ပေရှိ စိုက်မြောင်းများကို ၄ ပေ ခွာကာတူးဖော်၍ တစ်နှစ်ခန့် ရှိ ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။ (ဂ) ပြုစု ဂရုစိုက်ခြင်း။ ။ မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။ ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။ (ဃ) ရိတ်သိမ်းခြင်း ။ ။ သက်နုကညွတ်ပင်များ ၂-၃ နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာဖြတ်ယူသင့်သည်။ ၃နှစ်သား ကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိ ဖြတ်ယူနိုင်သည်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကညွန့်ကိုဘယ်အချိန်ပျိုးထောင်ရမလဲဗျကညွန့်ကိုဘယ်နှစ်လပျိုးထောင်ပြီးစိုက်ရမလဲဗျဘောင်ကိုမည်သည့်ပုံစံပြုလုပ်ရမလဲဘယ်...
ဖြေကြားချက် 0 ခု
ကညွတ်မျိုးစေ့ကို စိုက်တာ ဘယ်လိုစိုက်ရလဲ သိချင်ပါတယ်ရှင်
ဖြေကြားချက် 2 ခု
ငရုပ်ပင်တွေဝါနေတယ်ပြီးတောဖြည်ဖြည်ချင်အညွတ်တွေကတုန်လာလို့ဘာဆေးဖျန်ရမှာလယ်
ဖြေကြားချက် 4 ခု
႒ွက်၀ိုင်းေဆးဖြန်းလိုက်တာပါအ႒ွက်ေတွ၀ါလာတယ်ဘယ်လိုလုပ်ရမလဲးေကျးဇူးပါ
ဖြေကြားချက် 1 ခု
မြေဆွေးလုပ်မလို့ပါ ကျွန်တော်ထည့်မဲ့ပစ္စည်းလေးတွေပြေားမလို့ပါ မလိုအပ်တာတွေပါရင်ပြေားပြပေးပါအုံးဆရာတို့ အခုမှစ...
ဖြေကြားချက် 2 ခု