အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aung
aung 2,043
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

ဒီဆေးကရေ၁ဂါလံကိုဘယ်လိုထည့်ရတာလဲဗျသူ့မှာရေချိန်ခွက်လေးတော့ ပါတယ်စီစီနှုန်းထားေတွနဲ့မသိလို့ပါပဲေတာင့်ရှည်ဖျန်းမှာပါဗျသိတဲ့ဆ ရာသမားတို့ဖြေကြားပေးပါအုံး

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image

ဖြေကြားချက် ၂ ခု

ကျော်သိင်္ဂါအောင်
ကျော်သိင်္ဂါအောင် 5,179 လွန်ခဲ့သော ၄ နှစ် က

မင်းမဟော်ကထုတ်တဲ့ ကိုး(ဖော်ယူကိုး) ဆေးပါ။ဒီဆေးကို သုံးဘူးပါတယ်နော်။ဆေးချိန်တဲ့ခွက်မှာ E လို 5/10/15/20 cc လို့ ရေးထားပါတယ်။တစ်ကယ်လို့ ၁၀ cc ထည့်ချင်တယ်ဆိုရင် ဆေးချိန်ခွက်ထဲကို 10 ထိရောက်အောင် ထည့်လိုက်ပါ။လွယ်လွယ်လေးပါ။ဆေးချိန်ခွက်ကို တစ်ခါမှ အသုံးမပြုဘူးရင် အစမ်းသဘောနဲ့ ရေအရင်ထည့်ချိန်ကြည့်ပါ။၅ cc ၊၁၀ cc စသည်ဖြင့်ပါ။လွယ်ပါတယ်နော်။ဆေးဘူးမှာ ညွှန်းထားတာက ဦးလေးကြီး ရေးထားတဲ့ အတိုင်းဘဲဗျ။ကျွန်တော် ဒီဆေးကို သုံးဘူးတဲ့ အတွေ့အကြုံ ပြောရရင် အပင်ငယ်စဉ်မှာ ဆိုရင်တော့ (၄)ဂါလံ ဆေးဖျန်းပုံးကို ၁၀ cc ထည့်ဖျန်းပါတယ်။အပင်ကလည်းကြီးမယ် နောက် ပဲတောင့်ရှည်(တိုင်ထောင်ပဲ)မှာလည်း ရွက်ထွင်းပိုး ကျရောက်နေမယ် ဆိုရင်တော့ ၃၀ cc ထည့်ဖျန်းမှ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,108 လွန်ခဲ့သော ၄ နှစ် က

ကျ​ရောက်တဲ့ ပိုးအမျိုးအစား၊ ပိုးရဲ့ သက်တမ်းအ​ပေါ်မူတည်ပြီး ဖျန်းရပါတယ်။ ၄ဂါလံ​ဆေးတပုံးကို အနည်းဆုံးနုန်းထား ၅စီစီ(လဘက်ရည်တဇွန်းခန့်)ထည့်ပါ။ အမြင့်ဆုံးနုန်းထား ၁၀စီစီ( ထမင်းစားဇွန်းတဇွန်းခန့်)ထည့်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒါဘာေကာင်ေတွလဲဗျညကမီးထိုးပီးလိုက်ကြည့်တာအဖူးတံေတွေပါ်မှာေတွ့တယ် အဖူးတံေတွကိုက်ဖျက်ထာဒီအေကာင်ေတွလားဗျဘာေဆးသံုးရ...

ဖြေကြားချက် 1 ခု

ကျွန်တော့်ပဲပင်လေးတွေအဖူးတံလေးတွေကိုက်ဖျက်ထားတယ်အရွက် ေတွေကာစားထားတာဘာပိုးလက်ချက်လဲဗျသိတဲ့ေတာင်သူဦးကြီးများဆ...

ဖြေကြားချက် 1 ခု

ကျွန်တော်တိုင်ထောင်ပဲတောက်ရှည် အရွက်တွေကတွန့်နေလို့ ထွက်လာတဲ့အရွက်မှန်သမျှအကုန်တွန့်နေလို့ဆရာ ဘာဖြစ်တာလဲဆရာ...

ဖြေကြားချက် 2 ခု

ကွျန်ေတာ့်ပဲစိုက်ခင်းေလးပါပံုမှန်ဆိုဘယ်ေလာက်မှအဖူးေတွဖူးအသီးေတွ သီးတာလဲဗြ၄၅ရကျသားလောကျတော့ရှိပီဗအြဖူးလေးတှေခု...

ဖွကွေားခကျြ 1 ခု

အဖူးထှကျတဲ့နေရာကဒီလိုလေးတှေဖွဈနေလို့ပါအဖူးအပှငျ့တှေမထှကျပဲငုံး တံလေးတွေဖြစ်နေတယ်ဘယ်လိုဖြစ်တာလဲဗျ

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။