ဖြေကြားချက် ၂ ခု
ဖက်တီးအက်ဆစ်ဓာတ် များလို့ထင်ပါတယ်ဗျ။ နှမ်းကို စုပုံထားပြီးမှ ယူရင် နှမ်းဟာပုပ်အောက်တာ များပါတယ်။ပုပ်အောက်တာများရင် ဖက်တီးအက်ဆစ်ဓာတ်ထွက်တာများပါတယ်ဗျ။ပြည်ပနိုင်ငံတွေကတော့ ဖက်တီးအက်ဆစ်ဓာတ် 2%ထက်ကျော်ရင် မဝယ်ဘူးလို့တော့ကြားတယ်ဗျ။ အကောင်းဆုံးကတော့ နှမ်းကို ရိတ်၊စည်း၊ထောင် ဓလေ့နဲ့ သိမ်းရင် ဖက်တီးအက်ဆစ်ဓာတ်လျော့ကျပြီး ဈေးပိုရနိုင်ပါတယ်ဗျ။
ကျွန်တော်တို့ အညာဖက်မှာတော့ အက်ဆစ်ပါလို့ မဝယ်တာတွေ မကြားမိသေးပါဘူး။ အက်ဆစ်ဆိုတာလည်း အမိုင်နိုအက်ဆစ်လား၊ဖက်တီးအက်ဆစ်လား၊ သို့မဟုတ် ဆာလဖျုရစ်အက်ဆစ်လား၊ နိုက်ထရစ်အက်ဆစ်လား..စသဖြင့်များစွာရှိပါတယ်။ အက်ဆစ်ပါတယ်ဆိုပြီး ယေဘုယျ ပြောလို့ သဘာဝမကျပါဘူးဗျ။ ကြားသိရသလောက်တော့..ဥရောပ အဖွဲဝင်နိုင်ငံတွေမှာ...နှမ်းစေ့ထဲမှာ Ethyline oxide(EO)တွေ့ရလိူ့ ဝယ်ယူရေး တားမြစ်တယ်လို့ သိရပါတယ်။ (မြန်မာနိူင်ငံမှာတော့ မကြားမိသေးပါ။)
ဆက်စပ်မေးခွန်းများ
နှမ်းစိုက်ပြီးရင်တမာပိုးသတ်ဆေးဖျန်းရင်အကျိုးရှိနိုင်လားဗျ။ကောင်းကျိုးဆိုးကျိုးလေးတွေရှင်းပြပါလား။
ဖြေကြားချက် 4 ခု
ဘယ်အချိန် ဘယ်အရွယ်မှာ ဘယ်လိုအာဟာရမျိုးကျွေးသင့်ပါသလဲခင်ဗျ။(ခုမှစစိုက်ဖူးတာဖြစ်နေလို့ပါ)
ဖြေကြားချက် 1 ခု
နှမ်းစိုက်ထားတယ် ဘယ်ချိန်ဘာဆေးသုံးရမလဲမသိလို့ပါ
ဖြေကြားချက် 1 ခု
နှမ်း၁ဧကအတွက် ကျောက်မှုန့်25kgဘယ်နှစ်အိတ်လောက်ထည့်သင့်သလဲဗျ
ဖြေကြားချက် 2 ခု
နှမ်းပင်တေက ခါးထိနေပီဆရာ အခုမှ ပွင့်ဖူးဝင်တာ အကောင်းလွန်ပြီး အသီးသီးပ့မလားဆရာ အသီးတင်အောင် ဓာတုဆေးအသုံးပြုစရာ...
ဖြေကြားချက် 6 ခု