အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုဦး
လွန်ခဲ့သော ၄ နှစ် က · လွိုင်ကော်

ဌက်ပျောခြံထဲ ကျောက်မှုန့်ထည့်ချင်လို့ ထည့်နည်းမသိလို့ ပညာရှင်များ အလင်းပြပေးကြပါခင်ဗျာ ကျေးဇူးပြု၍

အပင်အာဟာရ ငှက်ပျော

ဖြေကြားချက် ၂ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၄ နှစ် က

ကျောက်မှုန့်(ဂျစ်ပဆန်)အား မြေငန်တွင် ထည့်သွင်းခြင်း မဟုတ်လျင် ပုံမှန် အပင်ခြေမှ ၂ပေခန့်ခွာ၍ မြောင်းဖော်၍ ထည့်ခြင်း၊ မြေစွ၍ ထည့်ခြင်း ပြုနိူင်ပါတယ်။ မြေငန်တွင် ကျင်း၊ မြောင်း တူး၍ ထည့်မည်ဆိုပါက ဆိုဒီယမ်ဆာလဖိတ် ပျော်ရည်ပြင်း အား အပင်ခြေရင်းတွင် မရှိရလေအောင် မြောင်းဖောက် ဖယ်ရှားရပါမည်။ မြေငန်များတွင် ဆိုဒီယမ်များစွာရှိနေ၍ ဂျစ်ပဆန်ထည့်ပါက ပါဝင်ပစ္စည် ကယ်လစီယမ်ဆာလဖိတ်မှ ကယ်လစီယမ်သည် ဆိုဒီယမ်နေရာသို့ အစားဝင်ရောက်သွားပြီး ဆိုဒီယမ်သည် ကျောက်မှုန်တွင်ပါဝင်သော ဆာလဖိတ်နှင့် ပေါင်းပြီး ဆိုဒီယမ်ဆာလဖိတ် ဆားရည်ပြင်း ဖြစ်သွားမည်ဖြစ်ရာ ထိုဆားရည်ပြင်းအား ဖယ်ထုတ်မှသာလျင် မြေငန်ခြင်းသက်သာမည်ဖြစ်ပြီး မဖယ်ထုတ်နိူင်လျင် ထိုမြေသည် ပို၍ ငန်သွားမည်ဖြစ်၍ သတိပြုရန် လိုအပ်ပါတယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၄ နှစ် က

ဖြစ်နိုင်ရင် တပင်ချင်းရဲ့ canopyဧရိယာတဝိုက်ကို ​မြောင်း​ဖော် ​ကျွေးပါ။ ​ရေသွင်းလိုက်တာနဲ့ အပင်​ခြေကို တိုက်ရိုက်​ရောက်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။