ဖြေကြားချက် ၃ ခု
pH5 မှ pH 6 သို့ ရောက်ရန်မှာ ထုံးထည့်မှသာ ရနိူင်ပါတယ် တစ်ယူနစ်(pH 1)တက်ဘို့ ထုံး တစ်တန် ထည့်ရန်လိုအပ်ပါတယ်။ သစ်စိမ်းမြေဩဇာက မြေကြီးမှ N နှင့် သစ်ဆွေးဓာတ် ရရှိခြင်းကြောင့် မြေဆီလွှာတိုးတက်စေတာဖြစ်ပြီး မြေအချဉ်အငန်ဓာတ်ကို သိသာစွာ မပြောင်းလဲနိူင်ပါဘူး။ ဒါပေမဲ့ နှစ်မျိုးလုံးပြုလုပ်နိူင်လျင်တော့ အကျိုးရှိနိူင်ပြီး အကျိုးမယုတ်စေပါဘူး။
ပိုက်ဆံလျှော်မှာအခြားအပင်တွေထက် န်ိုက်တြိုဂျင်ဓါတ်ပိုမိုပါရှိပေမဲ့ ပုလဲယူရီးယားဓါတ်မြေဩဇာမှာပါဝင်တဲ့ နိုက်တြိုဂျင်ပါဝင်မှုနဲ့ယှဉ်လိုက်ရင်မပြောပလောက်ပါဘူး။ပိုက်ဆံလျှော်အသုံးပြုမယ်ဆိုရင် သစ်စိမ်းမြေဩဇာ၊သစ်ဆွေးဓါတ်အမြောက်အများရရှိတာမို့ မြေဆီလွှာအရည်အသွေးတိုးတက်ကောင်းမွန်လာပါတယ်။မြေချဉ်ငန်ကိန်းပြောင်းလဲမှုကို အနည်းငယ်သာအကျိုးသက်ရောက်မှု ရှိပါတယ်။ထုံးကိုအသုံးပြုရာမှာလည်းတစ်ကြိမ်ထဲအကုန်မထည့်ပေးသင့်ဘဲ ၃..၄နှစ်အကြိမ်ခွဲပြီးအသုံးပြုသင့်ပါတယ်။ပိုက်ဆံလျှော်နဲ့ထုံး ၂မျိုးလုံးအသုံးပြုရင် ပိုကောင်းပါတယ်။ဉာဏ်ပင်ပေါရင် ပိုက်ဆံလျှော်အစား အသုံးပြုနိုင်ပါတယ်။(ပိုက်ဆံလျှော်နဲ့ဉာဏ်ပင်က သစ်ဆွေးဓါတ်နဲ့သစ်စိမ်း မြေဩဇာအမြောက်အများရရှိစေပါတယ်)
အချိန်ရရင်တော့၊မြေချဥ်၊မြေငံပြုပြင်နည်းအကြောင်း ၊အစိမ်းရောင်လမ်းမှာ ရှာဖတ်စေချင်ပါတယ်။ pHနိမ့်ရင်(မြေချဥ်ရင်)ထုံးထည့်ရပါတယ်။ ****** တယူနစ်တက်ဖို့၊ မြေတဧကအတွက် ထုံး ၁-တန် ထည့်ရပါသတဲ့။ ****** pHမြင့်ရင်(မြေငံ ရင် )ကန့်/ဆာလဖာ ပါေသာမြေသြဇာထည့်ရပါတယ်။ (အမိုးနီယံဆာဖိတ်/ဇင့်ဆာလဖိတ်/အိုင်းရွန်းဆာလဖိတ်) ********* ထည့်ရမည့်နုန်းထားကတော့၊ pH အနည်းအများပေါ်မူတည်ထည့်ရပါမယ်။ ******* မြေငံရင်၊ သဘာဝမြေသြဇာ/သစ်စိမ်းမြေသြဇာ ကျွေးပေးရပါတယ်။
ဆက်စပ်မေးခွန်းများ
ဆားပေါက်မြေ(Saline Soil) မှာ pH က 8.5အောက်လို့ဆိုထားတော့ 8.5အောက်ဆိုတာက ဘယ်pHထိလဲဆိုတာ ယေဘူရအားဖြင့် ဘယ်လိုသတ်...
ဖြေကြားချက် 9 ခု
မြေချဥ်ငံကိုဆိုဒါနဲ့ဘယ်လိုတိုင်းရလဲဗျ
ဖြေကြားချက် 2 ခု
မြေငန်နေရင်ဘယ်လိုလုပ်ကလဲဗျ
ဖြေကြားချက် 2 ခု
မဂ်လာပါမြေဆီလွှာ၏လက်ရှိ PH အဆင့်သည်သီးနှံတစ်ရာသီစိုက်ပျိုးပီးလျှင်ပြောင်းလဲမှုရှိပါသလားဆရာများခင်ဗျာ။
ဖြေကြားချက် 3 ခု
မြေချဉ္ငံတိုင်းတာသည့်စက်ဘယ်မှာမေး၀ယ်လို၇ပါသလဲခဗျ မကွေးဘက်ကပါ
ဖြေကြားချက် 3 ခု