အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဉီးမောင်ဇော်
လွန်ခဲ့သော ၄ နှစ် က · လေးမျက်နှာ

အသီးတွေ ကမသီးဘူးဖြစ်နေတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
အပင်အာဟာရ ရွှေဖရုံသီး
Post image

ဖြေကြားချက် ၄ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၄ နှစ် က

ဒေသမျိုးများသည် အပင်သာအားပေးပြီး အသီးနည်းတတ်၍ အပင်မာန်သတ်၍ အပင်အားနည်းအောင် ပွင့်သီးချိန်မတိုင်မီ ပြုလုပ်ခြင်း၊ မြေအဟာရ ထည့်သွင်းပေးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း ပြုသင့်ပါသည်။ ဒေသမျိုးသည် ရာသီလိုက်ပြီး အပင်ကောင်းတိုင်း မသီးနိူင်၍ ဒေသမျိုးများထက် ရာသီမရွေးစိုက်နိူင်သော နိူင်ငံခြားမျိုးများကိုသာ အသုံးပြုစိုက်ပျိုးပါက တစ်နှစ်လုံး ဆွတ်ခူးနိူင်ပါသည်။

ကိုဇော်ဇော်
ကိုဇော်ဇော် 4,643 လွန်ခဲ့သော ၄ နှစ် က

အမပွင့်ရှိရင် လူကိုယ်တိုင်ဝတ်မှုန်ကူးပေးပါ။မိုးရာသီမှာရွှေဖရုံ ဝတ်မှုန်ကူးရန်ခတ်ခဲတက်လို့ပါ။

ဟိန်ထွန်း
ဟိန်ထွန်း 5,865 လွန်ခဲ့သော ၄ နှစ် က

အညှောက်ကကြော်စားလို့လဲရဈေးမှာချရောင်းလို့လဲရနေတာဘဲအညှောက်ကိုဖြတ်ကြည့်လိုက်ပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၄ နှစ် က

အဖိုပွင့်နဲ့ အမပွင့် ဝတ်မှုန်ထိ​တွေ့မှု​ကောင်းမှ သ​န္ဓေ​အောင်ပါတယ်၊ ပျားပိတုန်း မရှိရင် ​သော်၄င်း၊ အပွင့်စပွင့်ချိန် မိုးရွာရင်​သော်၄င်း လူက ကူးမ​ပေးခဲ့ရင်​သေည်၄င်း အသီးမသီးနိုင်ပါ။ မိုးနဲ့ အပင်ကြီးပြီး၊​ဆောင်းမှာ အသီးသီးတဲ့သဘာဝကို ပိုကြိုက်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။