အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,050
လွန်ခဲ့သော ၄ နှစ် က · ချမ်းမြသာစည်

၁။စပါးခင်း(လယ်) စိုက်ရက်(၂၀)တွင် ဘယ်ပေါင်းသတ်ဆေးသုံးပေးသင့်သလဲ? အချို့က ဘီစ်ဘန်း ပေါင်းသတ်ဆေးကောင်းတယ်ညွှန့်ပါ...

၁။စပါးခင်း(လယ်) စိုက်ရက်(၂၀)တွင် ဘယ်ပေါင်းသတ်ဆေးသုံးပေးသင့်သလဲ? အချို့က ဘီစ်ဘန်း ပေါင်းသတ်ဆေးကောင်းတယ်ညွှန့်ပါတယ် သုံးသင့်မသုံးသင့်ဖြေပေးပါ။ ၂။စပါးခင်း(လယ်) စိုက်ရက်(၂၀)တွင် ဘယ်ပိုးသတ်ဆေးသုံးသင့်သလဲ? အချို့က တင်းရှန့် သုံးခိုင်းပါတယ် အသုံးပြု/မပြုသင့် ဖြေပေးပါရှင်။

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၄ နှစ် က

ပိုးမွှားရောဂါ မကျရောက်ဘဲ ပိုးသတ်ဆေး အသုံးပြုရန် မလိုပါဘူး။ တင်းရှန့် တွင် ပါဝင်သော ကလိုရိုပိုင်ရီဖော့ သည် တားမြစ်ပိုးသတ်ဆေးထဲတွင် ပါဝင်သဖြင့် လက်ကျန်များအား ရောင်းချနေကြခြင်း ဖြစ်၍ ဈေးနှုန်းကြီးမြင့်မှု ရှိနိူင်သဖြင့် ပက်ဖြန်းမည်ဆိုပါကလည်း ကျရောက် ပိုးမွှားအပေါ်မူတည်၍ ဆေးဝါးအသုံးပြုရန်လိုအပ်ပါတယ်၊ အနာနှင့်ဆေး တလွဲဖစ်တတ်၍ပါ။

1,104 လွန်ခဲ့သော ၄ နှစ် က

အေးမင်းစမ်ကြည့်ပါလား

အတည်ပြုပြီး 1,116,222 လွန်ခဲ့သော ၄ နှစ် က

ပိုးသတ်​ဆေး အ​နေနဲ့လည်း ထိုနည်း၄င်းပါဘဲ၊ ပျဖြုတ်၊ရွက်စားပိုး ဆိုရင် တင်းရှန့် ရပါတယ်။ ဆစ်ပိုး၊ဖြုတ်ညို..ဆိုရင် တမျိုးထဲမရပါဘူး။

အတည်ပြုပြီး 1,116,222 လွန်ခဲ့သော ၄ နှစ် က

လယ်ထဲမှာ.​ပေါက်တဲ့ ​ပေါင်းအမျိုးအစား​ပေါ်မူတည်ပြီး သုံးပါ၊ စပါးယောင်၊တက်ကွက်၊ မြက်သီး ၊ဘဲစာ များရင် ဘစ်ဘမ်း၊ဆွန်းနစ်၊..စသဖြင့် ရပါတယ်။ ​ဒေါင်းမြီးပျံ၊လက်သည်း​ဇောင်း၊​ရေမဆွတ် ..ဆိုရင်​တော့ မရပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။