ဖြေကြားချက် ၅ ခု
၁။ ရေနွေး ကြက်သီးနွေးထဲသို့ သင်္ဘောမျိုးစေ့ထုတ်ထဲမှ မျိုးစေ့အား ၁၂နာရီခန့်စိမ်ပါ ထိုရေထဲသို့ လက်တိုစင်(သို့) မိုရယ်မုန်းရှိပါက ၂စက်ခန့် ထည့်ပါ။ ၂။ ပလပ်စတစ်အိတ် ၄×၆ လက်မခန့် အိတ် အကြည် အိတ်တစ်ခုလုံးအား အပ်ဖြင့် အပေါက်ဖောက်ပါ။ ၃။ ထိုဖောက်ထားသော အိတ်အထဲသို့ ရေစစ်ထားသော သင်္ဘောမျိုးစေ့အား ထည့်ပြီး သရေကွင်းဖြင့် ထိပ်မှ ချည်နှောင်ပါ။ ၄။ အကျယ် ၉လက်မ အနက် ၁၂လက်မ ခန့်ရှိ မြေကျင်းတူးပြီး ကျင်းအတွင်း အမှိုက်ထည့်၍ မီးရှို့ပါ၊ မီးငြိမ်းသွားပါက ကျင်းအောက်ခြေမှ တုတ်ချောင်းများဖြင့် ကန်ကန့်ဖြတ် စီထားပေးပါ။ ၅။ ကျင်းအတွင်း စီထားသော တုတ်ချောင်းအပေါ် မျိုးစေ့အိတ် စီထားပြီး ကျင်အား အပေါ်မှ အသား၊ သွပ်ပြား စသည်တို့ဖြင့် ၁၂နာရီကြာ ဖုန်းအုပ်ထားပါ။ ၆။ သဲကြမ်းအား စကော၊ သွပ်ပြားအပေါ်တွင် ၄လက်မခန့် အထု ဖြန့်ထားပြီး ရေလောင်းထားပါ။ ၇။ ရေလောင်းထားသော သဲကြမ်းအပေါ် သင်္ဘောမျိုးစေ့အား အတန်းလိုက်စီထားပြီး အပေါ်မှ သဲပါးပါး(သို့) ရေစိုဝတ် အုပ်ထားပါ။ ၈။ သင်္ဘောမျိုးစေ့ အခြေအနေအား စောင့်ကြည့်ပြီး အနက်ရောင် အစေ့ခွံကွဲ၍ အတွင်မှ အဖြူရောင် တွေ့ရသောအခါ မျိုးစေ့အား အသင့်အိပ်သွပ်ပြီး ရေနှပ်ထားသော အိတ်အတွင်း ကျင်းအနက် စပါးလုံးတစ်ထောက်အနက် ဖောက်ထည့် ပြီး အပေါ်မှ စပ်မြေ(သို့) ဖွဲပြာဖြင့်ပြန်ပိတ်ပြီး ရေအား ဆေးဖြန်းခေါင်းဖြင့် ဖြန်းပေးပါ။ ၃ရက်ခန့်ကြာလျင် အပင်ပေါ်လာပါလိမ့်မည်။
ဆက်စပ်မေးခွန်းများ
ဒက်ပိုး အကြေးပိုးဘယ်လိုနှိမ်နှင်းရမလဲ
ဖြေကြားချက် 1 ခု
သင်းဘောပင်ရဲ့အရောင်ကအဝါရောင်ဖြစ်နေပါတယ်၊တချို့အပင်လဲအရွက်ကပုံအတိုင်းဖြစ်နေပါတယ်ဘယ်လိုလုပ်ရမလဲဆရာသမားများခင်...
ဖြေကြားချက် 3 ခု
တစ်ခါမှ မမြင်ဘူးလို့ပါ ဘာကြောင့်ပါလည်း ဆရာကြီး/ဆရာမကြီးတို့
ဖြေကြားချက် 1 ခု
သဘောင်္သီးကိုတစ်ဧကတွင်အပင်ရေမည်မျှစိုက်လိုသင့်တော်သလဲခင်ဗျ
ဖြေကြားချက် 3 ခု
သင်းဘော အရွက်ထိပ်ဖျားလေးတွေခြောက်တာ ဘာဖစ်လို့လဲဆရာ ညီကိုတို့။
ဖြေကြားချက် 2 ခု