ဖြေကြားချက် ၃ ခု
၂မျိုးစလုံးမှန်ပါတယ်။ ဒေသ ရေမြေ၊စိုက်စနစ်အပေါ်လည်းမူတည်တာကိုး။ ထွန်ရေးပြင်ပြီး အတန်းလိုက်စိုက်ရင် မျိုး သက်သာတယ်။ ခုတ်ဖုံး၊ပက်ကြဲ ဆိုရင် မျိုးထူမှရမယ်။ (ပိုးကိုက်/လောက်စား..စာအတွက် ပိူကြဲကြရတယ်) တကယ်တော့ တဧက အပင်ရေ တသိန်းကျော်၊ဆိုရင်၊ မျိုးစေ့ ၁၀-၁၂ပြည် ဆိုရတယ်။ မျိုးလူးနယ်ဆေး သုံးပါ။
မတ်ပဲမျိုးအသုံးပြုရာတွင် မျိုး၊ စိုက်စနစ်၊ ဒေသ၊ မြေအမျိုးအစား ရာသီဥတုအပေါ်မူတည်၍ မျိုးနှုန်း ၆ပြည်မှ ၂၄ ပြည် အထိ အသုံးပြုကြပါတယ်။ မျိုးစေ့ချထွန်(အထက်မြန်မာပြည်) ၆-၈ ပြည် ရေလိုက်ကြဲပက်စနစ် (၈- ၁၂)ပြည်။ ထွန်ပဲ (သက်လတ်) ၁၄- ၂၀ပြည် ထွန်ပဲ(သက်ငယ်) ၁၆- ၂၄ပြည် အောက်မြန်မာပြည်တွင် တစ်ဧက တစ်တင်းလို့ ယျေဘူယျ သတ်မှတ်၍ ရပါတယ်။
ဆက်စပ်မေးခွန်းများ
မတ်ပဲကိုဘယ်လို့အသုံးပြုရမလဲသိချင်ပတယ်
ဖြေကြားချက် 1 ခု
မတ်ပဲကိုဘယ်လို့စိုက်ပျိုးရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
မတ်ပဲကိုဘယ်လို့အသုံးပြုရမလံ
ဖြေကြားချက် 1 ခု
မတ်ပဲမျိုးစေ့ကို နေပြပြီးပွလာအောင်ရေစိမ်ရင် ဘယ်နှနာရီလောက် စိမ်ရလဲဗျ။စမ်းကြည့်ချင်လို့ တိတိကျကျမသိတော့ မရဲလို့
ဖြေကြားချက် 1 ခု
မတ်ပဲပင်အပေါက်ကောင်းအောင် မျိုးစေ့ကိုဘယ်လိုစီရင်ပြီး ကြဲရလဲ ရေစိမ်ကြဲတာကောင်းလား?
ဖြေကြားချက် 2 ခု