အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်လင်း
လွန်ခဲ့သော ၈ နှစ် က · မိတ္ထီလာ

နေ့စဉ်သီးနံှကုန်ဈေးနူန်းက အဟုတ်လားလို့ စဖွင့်ကတည်းက ဒီဈေး updateလည်းမတင်ပေးဘူး

စိုက်ပျိုး ဗဟုသုတ ပဲစင်းငုံ
3

ဖြေကြားချက် ၃ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ နေ့စဉ်သီးနှံဈေးနှုန်းတွေကို ကုန်စည်ဒိုင်တွေပေးတဲ့ ဈေးနှုန်းအတိုင်း နေ့စဉ်updateတင်ပေးပါတယ်ခင်ဗျာ့။ ဒီရက်ပိုင်းအတွင်း ပဲစဉ်ငုံက အရောင်းအဝယ်အဝယ်အေးနေတဲ့အတွက် ဈေးငြိမ်နေတာလဲဖြစ်နိုင်ပါတယ်ခင်ဗျာ့။

အောင်လင်း
အောင်လင်း 356 လွန်ခဲ့သော ၈ နှစ် က

ဒီဈေးပဲ နေ့တိုင်းပြနေတယ် ဘယ်လိုဖြစ်လို့လဲ

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

သီးနှံဈေးနှုန်းတွေကိုနေ့စဉ် Update တင်ပေးပါတယ်ခင်ဗျာ့။ ရက်စွဲအလိုက်ပြန်ပြီးလဲကြည့်လို့ရပါတယ်ခင်ဗျာ့။ ပဲစဉ်းငုံနဲ့ပတ်သတ်ပြီးတပတ်စာဈေးနှုန်းအပြောင်းအလဲဖြစ်မှုကိုဖော်ပြပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှု မရှိတဲ့အပြင် ပြည်ပဝယ်ယူမှုကလည်း နည်းတဲ့အတွက် နယ်ကုန်စည်ဒိုင်တွေမှာပါ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ဈေးအနည်းငယ်အပြောင်းအလဲ ရှိပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၄၈၀၀၀၀ နဲ့ အတက်အကျရှိခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၁၅၀ နဲ့ တစ်တင်းကို ၇၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ နဲ့ ၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာလည်း ပဲစင်းငုံနီအသစ်က တစ်တင်းကို ၁၀၅၀၀ နဲ့ ၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၉၅၀ နဲ့ တစ်တင်းကို ၂၅၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။