စပျစ်စိုက်ပျိုးပြုစုနည်း အပြည့်အစုံ သိလိုပါတယ်။ကျေးဇူးတင်ပါတယ်။
စပျစ်အကြောင်း အမေး+အဖြေ 🍇🍇🍇🍇🍇🍇 အမေး~မြေအမျိုးစား ဖြေ~ကြပ်တည်းမြေ ဆပ်ပြာပေါက်သောမြေနှင့် သဲမှ လွဲ၍ စနယ်မြေ နုံးသဲမြေစသော မြေကောင်းများစွာ၌ စိုက်ပျိုးနိုင်သည်။ အမေး~ရေအမျိုးစား ဖြေ~ရေချိုဖြစ်ရမည် ရေပေါရမည် ရေတွင်းရှိရမည် မြောင်း/ဆည်/မြစ် ရေများ အသုံးပြုနိုင်သည်။ အမေး~ရာသီဥတုနှင့်ဒေသ အဖြေ~ပူ..နွေးသော ရာသီဥတုကို ကြိုက်ပါသည် မိုးအလွန်များသော အရပ်ဒေသ နှင်းခါးကျသောအရပ်ဒေသ များ မစိုက်ပျိုးသင့်ပါ၊ ရောဂါအကျများသည် ပျက်စီးနိုင်သည်၊ ဒါပေမဲ့~မိုးဒဏ်လေဒဏ် နှင်းဒဏ်ရောဂါဒဏ်များကို ကာကွယ်နိုင်မယ်၊ အမိုး မိုးပေးနိုင် ဆေးကောင်းသုံးနိုင် နည်းပညာများ ကျွမ်းကျင်မယ်ဆို ဘယ်ဒေသဖြစ်ဖြစ် စိုက်နိုင်ပါသည်။ အမေး~၁ဧက ကုန်ကျစရိတ် အဖြေ~သိန်း၂၀မှသိန်း၃၀ ထိ ကုန်ကျနိုင်သည် ပစ္စည်းသုံးစွဲမှုနှင့် စျေးနှုံးပေါ်မှာလဲ မူတည်သည်၊ ခြံစိုက်ပြီး နောက်နှစ်များမှာတော့ ဆေးဖိုးဆီဖိုးအလုပ်သမားခများသာ ကုန်ကျမည်ဖြစ်၍ ၁၀သိန်းခန့်ကုန်မည်။ အမေး~၁ဧက အပင်ဘယ်လောက်စိုက် အဖြေ~အပင် ၈၀၀ခန့် တန်းစိုက်စနစ်ဆို၁၅၀၀ စိုက်နိုင်ပါသည်။ အမေး~အပင် အကွာအဝေး အဖြေ~၅တောင်ပါတ်လည် ၅တောင်မိုက်လျော့ အသုံးများသည်၊ မိမိစိတ်ကြိုက် စိုက်နိုင်သည်။ အမေး~၁ဧက ၁နှစ်ဝင်ငွေ အဖြေ~သိန်း၅၀မှသိန်း၁၀၀ထိ ရနိုင်သည်၊ ကုန်စျေးနှုံးနှင့်အသီးအမျိုးစားပေါ်လဲ မူတည်သည်။ အမေး~စပျစ်က နှစ်ရှည်ပင်လား? အဖြေ~ဟုတ်ပါတယ် နှစ်ရှည်ပင်ပါ၊ နှစ်ပေါင်း၃၀ထိ စားသုံးနိုင်သည်၊ တစ်ချို့လဲ ၁၅/၂၀နှစ်ထိပဲ အသုံးပြုသည်၊ အပင်ရဲ့လုပ်ဆောင်ချက်ပေါ် တွက်ချက်ပြီး အပင်သစ်ပြန်စိုက်ကြသည်။ အမေး~စပျစ်က ဘယ်လမှာစိုက်လဲ? အဖြေ~နိုဝင်ဘာဒီဇင်ဘာ ဇန်နဝါရီလများမှာ အလျဉ်းသင့်သလို စိုက်ကြသည်၊ တစ်ဦးနှင့်တစ်ဦးတော့ မတူကြပါ။ အမေး~ပျိုးပင် စျေးနှုန်း အဖြေ~တစ်ပင်ကို ၁၀၀ကျပ်၂၀၀ကျပ်၊ မျိုးနှင့် ပျိုးပင်ရှားပါးမှုပေါ်မူတည်၍ ၁၀၀၀ကျပ်ထိလဲ ရှိနိုင်သည်။ အမေး~ဘယ်အချိန် ဘယ်ဒေသမှာ ပျိုးပင် ဝယ်လို့ရနိုင်လဲ? အဖြေ~အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာလများမှာ ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈မိုင်ခန့်မှာရှိတဲ့ ရွာတန်းတိုက်နယ်မှာ ဝယ်လို့ရပါသည်။ အမေး~ဘယ်အချိန် စပြီးသီးလဲ? အဖြေ~မြေချစိုက် ၁နှစ်ဆို သီးပါပြီ၊ သဘာဝသီးနဲ့ဆို ၂သီး သီးခိုင်းလို့ ရသည်။ အမေး~၁နှစ် ဘယ်နှစ်ခါ သီးလဲ? ပုံမှန်အားဖြင့် ၄လတစ်ကြိမ်ဆိုတော့ ၃သီး သီးခိုင်းလို့ရသည်၊ တစ်ချို့လဲ အပင်ရဲ့လုပ်ဆောင်ချက်ကို ကြည့်ပြီး ၂သီးပဲ စားကြသည်။ အမေး~စပျစ်ရဲ့ ထူးခြားချက်ကဘာလဲ? အဖြေ~ကိုင်းဖြတ်ပေးမှ သီးသည်၊ ကိုင်းမဖြတ်ရင် အသီးမသီးပါ၊ မိမိစိတ်တိုင်ကျ အသီးပေါ်စေချင်တဲ့ လမှာ သီးခိုင်းလို့ရပါသည်၊ ဒါကြောင့် ၁နှစ်ပတ်လုံး ရာသီမရွေး စပျစ်သီး ရှိနေသည်..။ အမေး~၁ဧက အသီးထွက်နှုန်း အဖြေ~စပျစ်တစ်ပင်မှာ ၅ပိဿာမှ ၁၀ပိဿာထိ သီးပါသည်၊ အပြုစုနှင့်နည်းပညာ ကျွမ်းရင် ကျွမ်းသလို အထွက်နှုံးပိုသည်၊ ၁ဧက အပင်၈၀၀ ဆိုတော့ ၅နဲ့ပဲမြှောက်ကြည့် ၁ဧကကို ပိဿာ ၄၀၀၀ ထောင် ထွက်သည်။ စပျစ်စိုက်ရာမှာ အဓိကလိုအပ်ချက် ကုန်ကျစရိတ် နည်းပညာကျွမ်းကျင်မှု ဝါသနာနှင့်စိတ်ဝင်စားမှု အမြဲမပြတ် အကဲခတ်ကာ ကြိုးစားအားထုတ်ဖို့ လိုပါတယ် ဒါမှ အောင်မြင်မှာပါ..။ Crd# ကျန်တာတွေကတော့ စိုက်ရင်းနဲ့မှ လက်တွေ့လေ့လာပါ။
ဆက်စပ်မေးခွန်းများ
ဇိုး အုပ်စုဆေးတွေကဘယ်လိုဟာတွေလည်းသိချင်ပါတယ်
ဖြေကြားချက် 2 ခု
စပျစ်က 7လနဲ့သီးလားဗျ။
ဖြေကြားချက် 3 ခု
ရေငံကြောင့်စိုက်ပျိုးမြေအနည်းငယ်ငံနေလျှင်ေမြထဲဘာထည့်ပေးရလဲခင်ဗျာ။
ဖြေကြားချက် 3 ခု
ဧရာဝတီတိုင်းအတွင်းမှာစပျက်စိုက်ပျိုးမူ့အနည်းငယ်သာတွေ့ရတယ် ဘာကြောင့်လို့ထင်ပါသလဲ စိုက်ပျိုးရင် ဖြစ်ထွန်းနိူင်...
ဖြေကြားချက် 2 ခု
အောက်ရွက်တွေကခြောက်နေတာဘာဖြစ်တာလဲခဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။