ချင်းစိုက်ပျိုးရေးအကြောင်းသိချင်ပါတယ်ရှင့်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁ ရက်
စိုက်ပျိုးနည်းစနစ် (က) မျိုး စိုက်ပျိုးသည့်မျိုးမှာ မြန်မာချင်းဖြူမျိုးဖြစ်ပြီး ဒေသအခေါ်အဝေါ်အားဖြင့် ချင်းဖြူ(အောက်ချင်း)မျိုးဖြစ်ပါသည်။ ဟင်္သာတတွင် စိုက်ပျိုးသည့်ချင်းမျိုးမှာ အနံ့ရှိပြီး အမျှင်နည်း၍ အသားနုသဖြင့် ဆေးဘက်ဝင်အမျိုးအစား ဖြစ်ပါသည်။ မျိုးထားသိုမှုစနစ်မှာ ဒီဇင်ဘာ - ဇန်နဝါရီလများတွင် တူးဖော်ထားရှိသော ချင်းတက်များကို အိမ်အောက်တွင် မြေကျင်းတူ၍လည်းကောင်း၊ ဖြန့်၍လည်းကောင်း ထားရှိရပါမည်။ ချင်း၏ မျိုးစေ့နားနေချိန် (Domancy) ရက် (၆၀) မှ (၉၀) ထိ ရှိပါသည်။ ထို့နောက် ချင်းတက်၏ မျက်စေ့ဖူးများမှ စတင်အညှောင့်ပေါက်လာပါသည်။ (ခ) ပျိုးဘောင်ပြင်ဆင်ခြင်းနှင့် ပျိုးထောင်ခြင်း ကုန်းကျသည့် နေရာများတွင် (၃) ပေအကျယ် (၆) လက်မအမြင့် ပျိုးဘောင်များပြုလုပ်ပြီး မြေဆွေးထည့်ပေးပါသည်။ မျက်စေ့ (၃) စေ့ မှ (၅) စေ့ပါရှိသည့် ချင်းတက်များကိုဖဲ့၍ စတင်ပျိုးထောင်ပါသည်။ ပျိုးထောင်သည့် အချိန်မှာ မေလ – တတိယပတ်ဖြစ်ပါသည်။ မိုးရွာသွန်းမှု မရှိသည့်နေ့များတွင် တစ်နေ့ ရေ (၂) ကြိမ် ဖျန်းပေးပါသည်။ ပျိုးပင်များ (၃၀) ရက်သား ရှိချိန်တွင် ခြင်းထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးပါသည်။ (ဂ) အသုံးပြုသည့် ခြင်းအမျိုးအစားများ အချင်း ၂ ပေ၊ အမြင့် ၂.၅ ပေ ခန့်ရှိ ကွမ်းခြင်းများ၊ ထန်လျက်ခြင်းများ၊ ထုံးခြင်းများကို အသုံးပြုနိုင်ပါသည်။ (ဃ) စိုက်ပျိုးမြေပြုပြင်ခြင်း မြေဆွေး၊ ကြက်ချေး/နွားချေး၊ စက်ဖွဲပြာ ဆတူရောစပ်အသုံးပြုခြင်း၊ မြေဆွေး (၄) ဆ၊ စက်ဖွဲပြာ (၁) ဆ ရောစပ်အသုံး ပြုခြင်း။ မြေဆွေးတစ်ဆ၊ စက်ဖွဲပြာတစ်ဆ ရောစပ်အသုံးပြုခြင်းနှင့် မြေဆွေး (၂) ဆ၊ စက်ဖွဲပြာ (၁) ဆ၊ ဖွဲကြမ်း (၁) ဆ ရောစပ်အသုံးပြုကြပါသည်။ ခြင်း၏အောက်ခြေတွင် အင်ဖက်ခံ၍ ရောစပ်ထားသော စပ်မြေများကို ခြင်းများထဲသို့ (၆) လက်မခန့် ထည့်ပေးပါသည်။ (င) စိုက်ပျိုးခြင်း စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်ရွေ့ပြောင်းစိုက်ပျိုးခြင်း (၂) မျိုးရှိပါသည်။ (၁) တိုက်ရိုက်စိုက်ပျိုးခြင်း မေလတွင် စတင်စိုက်ပျိုးပါသည်။ ချင်း၏အရွယ်အစားပေါ်မူတည်ပြီး ၂ ကျပ်သားရှိ မျက်စေ့ ၁ စေ့မှ ၃ စေ့ပါသည့် ချင်းသားတက်များကို မြေပေါ်တည်၍ စိုက်ပျိုးပါသည်။ မြေဆွေးဖြင့် ပါးပါးဖုံးပေးပါသည်။ မိုးရွာသွန်းမှုမရှိလျှင် တစ်နေ့ ရေ (၂) ကြိမ်လောင်းပေးရပါသည်။ စိုက်ပြီး ၁၄ ရက် ကြာ အစို့ထွက်လာပြီး ၂၈ ရက်အကြာတွင် ၆ လက်မအမြင့်ထိ အပင်များ ကြီးထွားလာပါသည်။ ချင်းတစ်ပိဿာကို ခြင်း (၅၀) ထိ စိုက်ပျိုးနိုင်ပါသည်။ ရေလောင်းချိန် သက်သာရန်အ တွက် ပျိုးဘောင်များတွင် ပျိုးထောင်ပြီး ရွေ့ပြောင်းစိုက်ပျိုးကြပါသည်။ (၂) ပျိုးပင်များ ရွေ့ပြောင်းစိုက်ပျိုးခြင်း ၃၀ ရက် သက်တန်းရှိ ချင်းပျိုးပင်များကို စပ်မြေထည့်ထားသော ခြင်းထဲတွင် စတင်စိုက်ပျိုးပါသည်။ ခြင်းတစ်ခြင်းတွင် ၁ ပင်မှ ၃ ပင်အထိ စိုက်ပျိုးပါသည်။ (စ) အပင်ပြုစုခြင်း ချင်းပင်၏သဘာဝမှာ အပင်တစ်ပင်ပွားတိုင်း ချင်းတက်တစ်ခုဖြစ်လာပြီး အပင်၏အောက်ခြေမှသည် အပေါ်သို့ ချင်းတက်များ ဖြစ်ပေါ်လာပါသည်။ ရွေ့ပြောင်းစိုက်ပြီး ၁၅ ရက်တွင် လိုအပ်လျှင် မှိုသတ်ဆေးများ ပက်ဖြန်းပေးပါသည်။ ချင်းတက်များ ကြီးထွားလာပြီး စိုက်ပြီး ရက် (၃၀) အတွင်း စပ်မြေဖြင့် ပြန်လည်ဖို့ပေးပါသည်။ အပင်ခြေတွင်ရက် (၃၀) လျှင်တစ်ကြိမ်ဖြင့် (၄) ကြိမ်တိတိ ခြင်းအပြည့်ထိ မြေဖို့ပေးပါသည်။ ချင်းပင်ပွားနှုန်းမှာ ၁ ပင်မှ ၂ ပင်, ၂ ပင်မှ ၄ ပင်၊ ၄ ပင်မှ ၈ ပင်နှင့် ၈ ပင်မှ ၁၆ ပင်ထိ ဆပွား, ပွားများပါသည်။ ချင်းများရင့်ချိန် နှုတ်သိမ်းချိန်၌ မူလ (၂) ပင်စိုက်ထားက (၁၆) ပင်ထိ ရရှိနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂျင်းဈေးနူန်းတစ်ပိသာဘယ်လောက်လဲ
ဖြေကြားချက် 3 ခု
ကျေးဇူးပြုပီးဖြေပေးစေခြင်။ ချင်းကဥကိုဖော်ကြည့်တော့ အမြစ်တွေကောင်းတယ်။ ဥကိုကြည့်တော့လည်းအကောင်းနီးပါးပဲ။ အပင်...
ဖြေကြားချက် 2 ခု
ဂျင်းမှာအရွက်ဝါပီး ဉပါပုတ်သွားတယ် ဘာဆေးသုံးရမလဲရှင့် ဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 4 ခု
ဂျင်းမျိုးဖဲ့ပြီးသားအတတ်တွေကိုem1နဲ့ဖြန်းလို့ရမရသိချင်လို့ပါ။
ဖြေကြားချက် 1 ခု
ဂျင်းတက်ကို မျိုးပိုင်းစင်းရင် ဘေးအတက်ပါတာကိုပဲ ဖြတ်ယူရသလား အလယ်ပိုင်းတွေကိုရော ဖြတ်ပြီး စိုက်ရတာလားဗျ မစိုက်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။