အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hein Ko Ko
Hein Ko Ko 2,757
လွန်ခဲ့သော ၄ နှစ် က

မြေပဲက အရွက်နှုတ်ခမ်းတွေက ဝါပြီး ၃ရက်လောက်နေတော့ အမဲစက် ပေါ်လာတာ ဘာရောဂါလည်းဗျ။ (ပုံတင်တာ လိုင်းမကောင်းလို့) ​ လက်ချား ဝယ်တာ အမှုန့်တေပေးလိုက်တာ အဲ့အမှုန့်ကို လှော်စရာလိုသေးလားဗျ ။ ပုလဲမြေဆီနှင့် လက်ချား အမှုန့်က ဟင်းစားဇွန်းနဲ့ အမောက် ထည့်ရတာလားဗျ။ လောင်မာ စိုးလို့ပါ)သည်နှစ်မှ စ သုံးကြည့်မလို့ပါဗျ

ပိုးမွှားရောဂါ မြေပဲ

ဖြေကြားချက် ၈ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,111 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

​နောက်ထပ်စွယ်ပွင့် တသုတ်ကျန်ပါ​သေးတယ်..လာဦးမှာပါ။ လက်ချားဖျန်းနိုင်ပါတယ် ပုလဲ​လျော့ဖျန်းပါ

Hein Ko Ko
Hein Ko Ko 2,757 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါဆရာ မြေက ကိုင်းကျွန်းမြေ(သဲနှုန်း) တစ်ခင်းက ၄၅ရက်သားရပြီ ဗျ မြေပဲက ကောင်းလို့ စွယ်ဘယ်နစွယ်ကြသလဲ သိချင်လို့ ဖော်ကြည့်တာ စွယ်က ၅-၁၀ စွယ်ပဲကျတာ အဲ့တာ နောက်ထပ် စွယ်ကြအောင် ပြုပြင်လို့ ရပါသလား။ ပုလဲနှင့် လက်ချား ဖျန်းရမလား ဒါမမဟုတ် ​ဓာတုရွက်ဖျန်းအားဆေး ဖျန်းသင့်လား

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,111 လွန်ခဲ့သော ၄ နှစ် က

အို​ကေပါ ​ရေသန့်ဘူးနဲ့​ဖျော်ထားပါ အ​ပေါက်ကို ​လေဝင်သာ​အောင်ဖွင့်ထားပါ။

Hein Ko Ko
Hein Ko Ko 2,757 လွန်ခဲ့သော ၄ နှစ် က

၁လီတာရေသန့်ဘူးထဲ ထည့် တညသိပ် ထားပြီး ဖျန်းရသလားဗျ

Hein Ko Ko
Hein Ko Ko 2,757 လွန်ခဲ့သော ၄ နှစ် က

ဆရာ ၁ည မသိပ်ပဲနဲ့ တခါတည်းဆေးဖျန်းပုံးထဲ့ ဖျန်းလို့ မရဘူးလားဗျ ဒါမမဟုတ် ရေသန့်ဘူးတဘူးထဲ ပုလဲ၁၆ဇွန်းနှင့် လက်ချား၄ဇွန်း ထည့်ပြီး တညသိပ်ထားပြီး ဆေးဖျန်းပုံးထဲထည့် ဖျန်းရသလားဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,111 လွန်ခဲ့သော ၄ နှစ် က

မှို​ရောဂါနဲ့မတူပါဘူး။ အာဟာရချို့တဲ့တာနဲ့တူပါတယ်။ လက်ချားအမှုန့်ညက်ရင် ​လှော်စရာမလိုပါဘူး။ ဖျန်မယ်ဆိုရင် အညွှန်းအရ ​ရေတဂါလံမှာ ပုလဲ၄ဇွန်း+လက်ချား၁ဇွန်း ဆို​တော့ နုန်းထားများပါတယ်။ ​မဖျန်း မီပုလဲ နဲ့လက်ချားကို ​​ရေနဲ့ ​ဖျော်ပြီး ၁ညသိပ် ဖျန်းပါ။

Hein Ko Ko
Hein Ko Ko 2,757 လွန်ခဲ့သော ၄ နှစ် က
ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,111 လွန်ခဲ့သော ၄ နှစ် က

ပုံ ရ​အောင်တင်သင့်ပါတယ်။ အခုဟာက.. တကယ်လို့ မှို​ရောဂါဖြစ်​နေရင်. အား​ဆေးမဖျန်းသင့်​သေးပါ။ မှိုသတ်​ဆေး အရင်ဖျန်းသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။