အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးအောင်ဆန့်
လွန်ခဲ့သော ၃ နှစ် က · ကွတ်ခိုင်

ရေဘဝဲခရမ်းချဥ်သီး ပင်ကို ပိုမြင့်အောင် အပင်ကြီးလာအောင် ဆိုပြီးအကိုင်းအခတ်ကို လက်သည်းနဲ့ဆိတ်ဖြတ်လိုက်တယ် အပင်၏ အစာချက်မှုကို ထိခိုက်နိုင်ပါသလား

စိုက်ပျိုးနည်း ခရမ်းချဉ်
Post image

ဖြေကြားချက် ၇ ခု

ဦးအောင်ဆန့်
ဦးအောင်ဆန့် 2,155 လွန်ခဲ့သော ၃ နှစ် က

အသိပညာရပါတယျ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

သာမန်အမြင်အရ အပင်ရဲ့ အကိုင်းအခက် များအား ဖြတ်တောက်လျင် အပင်မြင်တက်လာသည်လို့ ရှုမြင်ကြတာပါ အမှန်က အရွက်တစ်ရွက်သည် အစာစချက်၍ ရသည့်အချိန် ရှိသလို မချက်နိူင်သေးသည့်အချိန် ရှိပါတယ် အစာချက်နေသည့် အရွက်အား ဖယ်ရှား လိုက်သည့်အခါ ထိုအရွက် အပေါ်ရှိ အရွက်သည် အစာချက်နိူင်သည့် အခြေအနေ မရှိ၍ နောက်ထပ် အရွက်သစ်ထပ်မံ ထွက်ပေါ်စေပြီး အောက်တွင် ရှိနေသော အရွက်အား အစာချက်စေရပါတယ်၊ ထိုသိုမလုပ်ဆောင်နိူင်ပါက အစာမချက်လုပ်နိူင်ဘဲ အပင်သေဆုံးပါလိမ့်မည်။ သို့ဖြစ်၍ အပင်ငယ်စဉ် အပင်မြင့်စေရန် အောက်အရွက်ဖြတ်ပြီး အပင်မြင့်တက်အောင် လုံးဝမလုပ်ဆောင်သင့်ပါဘူး။ ပျိုးပင်ငယ်ကြီးထွားမှုကောင်းရန် အတွက် စပ်မြေတွင် မြေခံအဟာရ ထည့်သွင်းပြီးမှ ပျိုးထောင်ရန် လိုအပ်ပါသည်။

ကိုဇော်ဇော်
ကိုဇော်ဇော် 4,643 လွန်ခဲ့သော ၃ နှစ် က

ပုလဲလောင်းတာနဲ့ရေလောင်းပေးပါ။အပင်ခြေကိုပုလဲထိရင်အပင်နာသွားနိုင်လို့ပါ။၁၅ ပတ်လည်ကိုကျွေးချင်ရင်စိုက်ခင်းရောက်မှကျွေးပေးပါ။စိုက်ပြီးတစ်ပတ်ဆိုရင်စကျွေးလို့ရပါပြီ။အစင်ပြေပါစေဗျာ

ဦးအောင်ဆန့်
ဦးအောင်ဆန့် 2,155 လွန်ခဲ့သော ၃ နှစ် က

ပုလဲလောင်းပြီးတာနဲ့ ချက်ချင်းရေရွှဲရွှဲလောင်းရမှာလား ဒါမှမဟုတ် ညနေမှလောင်းရမှာလာ

ဦးအောင်ဆန့်
ဦးအောင်ဆန့် 2,155 လွန်ခဲ့သော ၃ နှစ် က

ပုလဲအစား 15 ပတ်လည် ​​​ပြောင်းကျွေးရင်ပိုကောင်းပါသလား

ဦးအောင်ဆန့်
ဦးအောင်ဆန့် 2,155 လွန်ခဲ့သော ၃ နှစ် က

မြေဆီဖြူဆိုတာ ယူရီးယားခေါ် ပုလဲမြေသြဇာ ကိုပြောတာလား

ကိုဇော်ဇော်
ကိုဇော်ဇော် 4,643 လွန်ခဲ့သော ၃ နှစ် က

အပင်ရဲ့အစာချက်လုပ်မှုကိုထိခိုက်နိုင်ပါတယ်။အပင်ကြီးချင်ရင်မြေဆီဖြူတစ်ဗူးကိုရေ လေးဂါလံဖြင့်တစ်ညစိမ်ထားပါ။နောက်နေ့မှာတစ်ပင်ကိုဗူးရဲ့သုံးပုံတစ်ပုံလောင်းပေးပါ။အပင်နဲ့လဲနှစ်လက်မလောက်ခွာလောင်းရမယ်ပြီးရင်ရေရွှဲရွှဲလောင်းပေးလိုက်ပါ။အပင်အကြီးအသေးပေါ်ချိန်၍ကျွေးနိုင်ပါတယ်။အစင်ပြေပါစေ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချဥ်ပင်တွေ အပွင့်တွေပွင့်နေပါပြီ။ အသီးတင်ရန် သားတက်ဖဲ့ပေးရတယ်လို့တော့ကြားဖူးပါတယ်။ သားတက်ဖဲ့တယ်ဆိုတာ...

ဖြေကြားချက် 5 ခု

မြေချဥ်ငန် ph ဘယ်လောက်ဆိုရင် အပင်ပေါက်နိုင်လည်း

ဖြေကြားချက် 3 ခု

ခရမ်းချဥ်သီးမျိုးစေ့ကို အုန်းရည်စိမ်ပြီးစိုက်ရင် ပိုကောင်းတယ်ပြောတယ် ဘယ်နှစ်ရက် စိမ်ရမှာလဲ

ဖြေကြားချက် 3 ခု

ရေဘဝဲ ခရမ်းချဥ်သီးကို အပင်ပိုမြင့်လာအောင် အပင်အကိုင်းအခတ်ကို လက်သည်းနဲ့ဆိတ်ဖြတ်လိုက်တယ် အပင်အစာချက်မှုကို ထိ...

ဖြေကြားချက် 2 ခု

ရေဘဝဲခရမ်းချဥ်သီးပျိုးပင်များ၏ အပင်ခြေရင်း 1 လက်မအကွာ သို့မဟုတ် လက်မဝက်အကွာ ကျင်းနည်းနည်းတူးပြီး ပုလဲမြေသြဇာ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။