အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,469
လွန်ခဲ့သော ၃ နှစ် က · ကျောင်းကုန်း

ကျွန်တော်ကိုတစ်ခုလောက်မေးခွင့်ပြုပါဆရာ0.52.34အချိုးပါတဲ့ရွက်ဖျန်းအားဆေးကိုမတ်ပဲပဲတီစိမ်းအပင်ငယ်စဉ်ပန်းမပွင့်...

ကျွန်တော်ကိုတစ်ခုလောက်မေးခွင့်ပြုပါဆရာ0.52.34အချိုးပါတဲ့ရွက်ဖျန်းအားဆေးကိုမတ်ပဲပဲတီစိမ်းအပင်ငယ်စဉ်ပန်းမပွင့်ခင်ကြိုပြီးဖျန်းထားလို့ရပါသလားခင်ဗျာပြီးတော့ဆေးနှုန်းထားများရင်အပင်လောင်တတ်ပါသလားအလင်းပြပါအုံးဆရာ

အပင်အာဟာရ ပဲတီစိမ်း ပဲတီစိမ်းမြေသြဇာကျွေးနည်း

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

အပွင့်အသီး အတွက် အသုံးပြုတဲ့ မြေဩဇာဖြစ်၍ အပင်လုပ်ချိန် မသုံးသင့်သေးပါဘူး ဆေးနှုန်းထားထက် အလွန်အကျွံ သုံးလျင်တော့ မကောင်းပါဘူး ဒါပေမဲ့ 50 gm ညွန်းထားတာကို 100gm သုံးလျင်တော့ မလောင်ပါဘူး မိမိသုံးစွဲသည့် အမျိုးအစား၏ အရည်အသွေးသည် အဓိကပါ။

406 လွန်ခဲ့သော ၃ နှစ် က

ပဲအမျိုးမျိုးအတွက်အကောင်းဆုံးရွက်ဖြန်းအားဆေးက အာမို(1)ကိုဖြန်းလိုက်ပါဗျ

9,469 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကျေးဇေူးပါဆရာ

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

အပင်​တွေမှာ.. ကြီးထွားမှုအပိုင်း ၃ ပိူင်းရှိတယ်။ အပင်ကြီးထွားမှုအပိုင်းမှာNများများလိုမယ်။ ပွင့်သီးချိန်ကာလ မှာ P များများလိုတယ်။ ရင့်မှည့်မှုကာလမှ္K လိုတယ်။ ဆို​တော့ကား.. အပင်​ပေါက်ကာစ အရွယ်​တော့ မဖျန်းသင့်​သေးဘူး။ သို့​သော် မပွင့်မီ၊ ပန်းပွင့်ဖို့သ​န္ဓေ ယူဆဲကာလ​တွေမှာ PKကို ကြိုဖျန်းသင့်ပါတယ်။ ဓါတု နဲ့လုပ်တာမှန်သမျှ၊ တန်​ဆေး ၊လွန်​ဘေး.လို့မှတ်ယူထားပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။