အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mr. Win
Mr. Win 5,539
လွန်ခဲ့သော ၃ နှစ် က · ပေါက်

မေးပါရစေခင်ဗျာ။ကျေးဇူးပြုပြီးသိတဲ့သူများလည်းဖြေပေးကြပါခင်ဗျာ။ကြက်သွန်နီရွှေ့ပြောင်းစိုက်ပြီး ၁၀ရက်သားဝန်းကျင်လောက် အပင်လေးတွေသေနေလို့ပါ။ကြည့်လိုက်ရင် ကြက်သွန်ဥထိပ်ပိုင်း အမြစ်တွေပုပ်ရိတာပါ။နှုတ်ကြည့်ရင် အမြစ်မပါလာတော့ပါ။ပျိုးခင်းနဲ့စိုက်စကတော့အကောင်းပါခင်ဗျာ။ကျွန်တော့အသိတစ်ဦးဆိုရင် ၁၀ ရက်သားလောက်ကစပြီး အခု ရက်၂၀ ကျော်‌ေလာက်ထိဆက်တိုက် ဖြစ်နေပါတယ်။တဖြေးဖြေးများလာတယ်ပြောပါတယ်။အပင်လေးတွေ သေတဲ့နေရာမှာ ဖာနေတယ်လည်းပြောပါတယ်။ကျွန်တော်လည်းအပင်ထပ်ဖြည့်ဖာရတော့မှာပါ။ကျေးဇူးပြုပြီးဖြေပေးကြပါခင်ဗျာ။အပင်ငယ်စဉ်အရေးကောင်းလို့ပါ။

ပိုးမွှားရောဂါ ကြက်သွန်နီ ကြက်သွန်နီဥပုပ်ရောဂါ

ဖြေကြားချက် ၂ ခု

Mr. Win
Mr. Win 5,539 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါခင်ဗျ။ခုလိုဖြေကြားပေးတာ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

ဖတ်ရသ​လောက်​တော့၊ဥပုပ်၊ထိပ်ပုပ်​ရောဂါ(ဘက်တီးရီးယား)​ကြောင့်ဖြစ်နိုင်ပါတယ်၊ ​မြေပြင်ချိန် တို​တောင်းခြင်း၊ အစိုများလွန်းခြင်း၊​ရောဂါအကြွင်းအကျန်ရှိ​သော​မြေ ဖြစ်ခြင်း၊မှို​ဆေးလူး/စိမ်အသုံးမပြုခြင်း၊​မြေချဥ်ဓါတ်များခြင်း/ယူရီးယားပါ​သော​မြေသြဇာ အပူ​လောင်ခြင်း/ကြက်​ချေးကဲ့သို့ ​ကောင်းစွာ မ​ဆွေး​မြေ့​သော ​မြေသြဇာထည့်ခြင်း..တို​ကြောင့်ဖြစ်တတ်ပါတယ်။ အ​သေများရင် ပြန်ပြင်စိုက်ပါ။ အ​သေနည်း​သေးရင် ​ကော့ပါးနဲ့ စထရက်တိုမိုင်စင်/ကာဆူကာမိုင်စင်/​ဘေလိဒါမိုင်စင် တမျိုးမျိုးဖျန်းပါ။ ထုံး/ဂျစ်ဆန်ဖြူးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။