အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,539
လွန်ခဲ့သော ၃ နှစ် က · ပေါက်

အစိမ်းရောင်လမ်းမှ ဆရာဒို့ဦးလေးခင်ဗျ။မြေပဲစိုက်မှာပါခင်ဗျ။ဆရာရဲ့မျိုးစေ့လူးနယ်ဆေးအကြောင်းဖတ်လိုက်ရတယ်ခင်ဗျ။မြေ...

အစိမ်းရောင်လမ်းမှ ဆရာဒို့ဦးလေးခင်ဗျ။မြေပဲစိုက်မှာပါခင်ဗျ။ဆရာရဲ့မျိုးစေ့လူးနယ်ဆေးအကြောင်းဖတ်လိုက်ရတယ်ခင်ဗျ။မြေပဲစိုက်မှာမို့ သုံးချင်ပါတယ်။မိုရယ်မုန်းကို လူးနယ်ဆေးသုံးရင်ရလားခင်ဗျ။ကြက်သွန်ခင်းမှာ(4.1.2023)ကတော့ (ဗင်ဇိုကာ) ဖြန်းထားပါတယ်။(6.1.23)မှာစိုက်မှာပါခင်ဗျ မြေပဲက။(ဗင်ဇိုကာ)သုံးတာမကြာသေးတော့ မိုရယ်မုန်းတစ်မျိုးပဲ လူးနယ်ဆေးသုံးရမလားခင်ဗျ။တောရွာမှာဆိုတော့ ဆေးက ရွေးစရာသိပ်မရှိလို့ပါခင်ဗျ။ဆေးတံဆိပ်အစွဲတော့မရှိပါခင်ဗျ။မှိုဆေးတွဲရင်တော့ ရီဗိုက်၊ယူနတီ၊အိမ်ဂျယ်၊ဆင်နာဂျီ တို့တော့ရပါတယ်ခင်ဗျာ။စိုက်ပျိုးမည့် မျိုးစေ့ဘယ်နှုန်ထားဆို ဆေးဘယ်လောက်သုံးသင့်ပါလဲခင်ဗျ။ခု‌ေဆးစိမ်ခုစိုက်လို့ရလားခင်ဗျ။အားဆေးနဲ့မှိုဆေးတွဲသုံးရင်ရော ရလားခင်ဗျ။ကျေးဇူးပြုပေးပါအုံးခင်ဗျာ။

စိုက်ပျိုးနည်း မြေပဲ မြေပဲလူးနယ်ဆေး

ဖြေကြားချက် ၄ ခု

5,539 လွန်ခဲ့သော ၃ နှစ် က

ဦးကျော်ရဲဇော်ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ။

5,539 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ခုလိုစေတနာထားဖြေပေးတာတကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၃ နှစ် က

ပခုက္ကူက Mr.win..​ရေ အားရာပါးရ ​မေးထားလို့ ​ကျေး​ဇူးပါဗျာ။ မျိုး​စေ့လူးနယ်​ဆေး မှာ၊မှို​ဆေးရယ်၊ပိုး​ဆေးရယ်၊အား​ဆေးရယ် ပါကြပါတယ်။ မိုရယ်မုန်းက အပင်​ပေါက်​ကောင်း​စေ​အောင် လူး​ပေးရတာပါ။ သဘာဝအရ ​မြေကြီးနဲ့အစိုဓါတ်​တွေ့ရင် အပင်​ပေါက်​ကောင်းပြီးသားပါ။ တကယ်လိုအပ်တာက မျိုး​စေ့မှာကပ်ပလာတဲ့ မှို​ရောဂါ​တွေ၊​မြေကြီးထဲက​နေ အပင်ကို တိုက်ခိုက်မယ့် ​ရောဂါ​တွေကို အပင်ငယ်စဥ်မှာ ကာကွယ်ဖို့ဖြစ်ပါတယ်။ (ဒါ​ကြောင့် ​မြေကြီးထဲမှာ ကြာကြာ​နေတဲ့ မက်တလက်ဇီး၊သီရန် မှို​ဆေး​တွေကို လူးကြရတာပါ။ မိတ်​ဆွေ​ပြောသလို မှိုသတ်​ဆေး ကို၊​မြေကြံးဖျန်းပြီးသားမိူ့ မိုရယ်မုန်းတမျိုးထဲ လူးစိုက်ရင်လည်ယ ရပါတယ်။ (အပင်​ပေါက်လာရင် စုပ်စားပိုး ပိုကြိုက်တယ်၊ကာကွယ်ဖို့ မ​မေ့ပါနဲ့)

2,861 လွန်ခဲ့သော ၃ နှစ် က

ဒိုင်သိမ်းနဲ့လူးနယ် မိုရယ်မုန်းလဲရပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။