အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aik
Aik 232
လွန်ခဲ့သော ၃ နှစ် က · ပင်လောင်း

ဆရာကြီး၊ ဆရာမကြီးများခင်ဗျ စိုက်ပျိုးရေးဆေးပစ္စည်းနဲ့မဆိုင်ပေမဲ့ စိုက်ပျိုးရေးနဲ့ ဆိုင်လို့ မေးပါရစေဗျ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုံညင်း၊ ကိုက်လန် တို့က Brassica olera ကနေ Artificial selection လုပ်တာကနေရတယ် ပြောတယ်ဗျ။ အဲ့တာ သိပ်သဘောမပေါက်ဘူးဗျ ရှင်းပြပေးလို့ရမလားဗျ။

စိုက်ပျိုး ဗဟုသုတ ဂေါ်ဖီထုပ်
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

ချားလ်စ်ဒါဝင်ရဲ့ သီအိုရီအရ.. ယခု လူ​တွေဟာ ..အရင်က တည်းကရှိတာမဟုတ်ဘဲ.. ​မျောက်,က​နေပြီး ဆင့်ကဲ ​ပြောင်းလဲလာတဲ့ ဖြစ်စဥ်လို့ ဆိုပါတယ်။ အခု မုံညင်း မျိုးနွယ်​တွေဖြစ်တဲ့ ဘရိုကိုလီ,ကိုက်လံ၊ ​ဂေါ်ဖီထုပ်၊ပန်းမုံလာ ​တွေဟာလည်း.. မုံညင်းရိုင်းပင်က ​တဆင့် ၊လူ​တွေက ဆင့်ကဲ မျိုးကူးစပ်မှု​ကြောင့် ဖြစ်လာတာ လို့ နားလည်မိပါတယ်။ ဥပမာ..ပန်း​ဂေါ်ဖီ ဆိုပါစို့။ မုံညင်းရိုင်းပင်ရဲ့ ပန်းခိုင်မှတဆင့်.. မျိုးကူးစပ်ရင်းနဲ့..နှစ်​ပေါင်း.အကြိမ်​ပေါင်းများစွာ မျိုးစပ်ရာမှ အပွင့်​သေးရာမှ ကြီးကြီးလာတဲ့ သ​ဘောပါ။

Aik
Aik 232 လွန်ခဲ့သော ၃ နှစ် က

ဘယျလိုစပျလို့ မတူတဲ့ အရှကျတှရေလာလဲဗြ

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၃ နှစ် က

artificial selection ဆိုတာမူလအစထဲကရှိနေတာမဟုတ်ဘဲ ခေတ်မီဖွံ့ဖြိုးတိူးတက်လာတာနဲ့အမျှ လူတွေကမျိူးစပ်လာတာကိုပြောတာရှင့် ဒီပုံထဲမှာ ပန်းဂေါ်ဖီ ဘရိုကိုလီ နဲ့ဂေါ်ဖီထုပ်က အစထဲကရှိတာမဟုတ်ပါဘူး မုန်ညှင်းအရိုင်းပင်ကနေ မျိုးစပ်ပြီးဆင့်ကဲပြောင်းလဲလာတာလို့ပြောချင်တာပါရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကျွန်တော်စိုက်ထားတဲ့ဂေါ်ဖီတွေ ထုပ်နေကာမှ အပင်အရိုးမှာအခုလိုဖြစ်ပြီးသေနေလို့ဗျာ ဘာရောဂါဖြစ်တာလဲ ဘာဆေးဖျန်းရင်...

ဖြေကြားချက် 1 ခု

ကျွန်တော့ဂေါ်ပီထုပ်ပင်တွေပုံထဲကအတိုင်းဖြစ်နေတယ်ဗျာဘာဖြစ်တာလည်းဘာရောဂါလည်းဘာဆေးဖြန်းရမလဲပြောပေးပါအုံ့ဆရာတို့ရယ်

ဖြေကြားချက် 3 ခု

ဂေါ်ဖီထုပ်စိုက်ပျိုးနည်းစနစ်လေးသိပါစေဗျာ အခုမှလက်တွေ့စတင်စိုက်ပျိုးမှာမလို့ပါ

ဖြေကြားချက် 1 ခု

ဂေါ်ဖီထုပ်က စိုက်ပီးဘယ်နှစ်ရက်အကြာမာ အထုပ် စထုပ်တတ်လဲခင်ဗျ။

ဖြေကြားချက် 2 ခု

ဂေါ်ဖီစိုက်ထားတာ ရွေ့ပြောင်းစိုက်ပီး 1လသားရှိပါပြီခင်ဗျ။မနေ့ညက မိုးကြီးတာ မိုးသီးကျပီး အရွက်တွေ ပေါက်ပြဲကုန်ပါ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။