ဟုက်ကဲ့ ဆရာအပေါင်းတို့ ခင်ဗျ...ကျွန်တော့ ကြက်သွန်ခင်းမှာ ခေါင်းပုပ် မှိုရောဂါ ကျနေလို့ ကာကွယ်နည်းနှင့် ဆေးကောင်းလေးများရှိရင် လမ်းညွှန်ပေစေလိုပါတယ် ခင်ဗျ...🙏🙏🙏
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၄၅ ရက်
ဤမှိုရောဂါကို ကြက်သွန်ဥများ သိုလှောင်စဉ်နှင့် သယ်ယူပို့ဆောင်ရာတွင် ပြင်းထန်စွာကျရောက်လေ့ရှိပါသည်။ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းခြင်း၊ စိုထိုင်းဆများခြင်းတို့ဖြစ်ပါက ရောဂါပိုမိုကျရောက်လေ့ရှိသည်။ ဤရောဂါဖြစ် မှိုသည် ကြက်သွန်ဥများ မခြောက်မီ ထိပ်ပိုင်းဖြတ်ခြင်း၊ လိမ်ခြင်းတို့ကြောင့် ၎င်းဒဏ်ရာများမှ တစ်ဆင့် ကြက်သွန် ဥတွင်းသို့ ဝင်ရောက်ပြီး ပျော့ပုပ်စေနိုင်ပါသည်။ ကာကွယ်နှိမ်နင်းနည်း (၁) ရောဂါကင်း၍ ကောင်းမွန်စွာ ခြောက်သွေ့ပြီးသော ကြက်သွန်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ (၂) စိုက်ချန်နောက်ပိုင်းတွင် ပုလဲ (နိုက်ထရိုဂျင်) မြေသြဇာလွန်ကဲစွာ ကျွေးခြင်းမပြုရပါ။ (၃) ကြက်သွန်မတူးဖော်မီ (၁၀) ရက် မှ (၁၄) ရက်အတွင်း ရေသွင်းခြင်း မပြုရပါ။ (၄) ခြောက်သွေ့သော ရာသီ၌သာ ကြက်သွန်တူးဖော်ပါ။ (၅) အမြိတ်မဖြတ်မီ တစ်ပါတ်အလိုတွင် စိုက်ခင်းကို အခြောက်ထားပါ။ (၆) သိုလှောင်ခြင်း မပြုမီ လေဝင်လေထွက်ကောင်းစေရန် ပြုလုပ်ပေးပါ။ (၇) သိုလှောင်ရာတွင် အပူချိန်( ၃၄-၃၆ ဒီဂရီ စင်တီဂရိတ်) နှင့် စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းထက် လျော့နည်းမှ သာလျှင် အကောင်းဆုံး ဖြစ်ပါသည်။ လာဘီလိုက် (Labilite)PHI (၁၄)ရက် (၂၀၀ဂရမ်/ဧက) နှုန်း ပက်ဖျန်းပါ၊ ဘာဗစ်စတင်(Bavistin) ၂၅ ဂရမ် အစေ့ ၁ ကီလိုနှုန်း လူးနယ်စိုက်ပျိုးပါ။
ဆက်စပ်မေးခွန်းများ
အပင်တွေဝါလာပြီး နုတ်ကြည့်တဲ့အခါ အမြစ်မရှိတော့ဘူးဗျ အမြစ်ရှိတဲ့အဝါပင်တွေဆိုလည်း ဒဏ်ရာအနာတွေဖြစ်နေတာ ဘာဆေးသုံးရမ...
ဖြေကြားချက် 1 ခု
ကြက်သွန် မြစ်ပုတ် ဥပုတ်ကျနေလို့ ဘယ်လိုကုသရမလဲခင်ဗျ။
ဖြေကြားချက် 1 ခု
ကြက်သွန်နီ၂၅-ရက်သား ကုန်းကြက်သွန်။ကောက်ရိုးပုံထားတဲ့အနားမှာ အပင်အနည်းငယ် အမြစ်ပုပ် ထိပ်ပုပ်လေးတွေဖြစ်နေလို့ပါ...
ဖြေကြားချက် 3 ခု
ဥထိပ်ပုပ်နေပြီး လောက်ကောင်လေးတွေရှိသည် ဘာလုပ်ရမလဲဗျ
ဖြေကြားချက် 2 ခု
ကြက်သွန်ဉပုပ်ရောဂါ နှင့် ဘက်တီးရီးယားပျော့ပုပ်ရောဂါ လက္ခဏာ ကွာခြားပုံလေး ရှင်းပြပါလားဆရာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။