အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Toe Lie
Toe Lie 821
လွန်ခဲ့သော ၃ နှစ် က · မုဒုံ

မင်္ဂလာပါ ခင်ဗျ ... ဒူးရင်းပင်က ပိုးကောင်တွေ အပေါက်ဖောက်ပြီး ပုံထဲကလို ဖြစ်နေလို့ပါ။ ဒူးရင်ပင်က အဲလို ပိုးကောင်က အပေါက်ဖောက်လိုက်ပြီးဆို သေတော့မယ်လို့ ကြားဖူးလို့ အပင်မသေအောင် ဘယ်လိုလုပ်လို့ ရမလဲ ကူညီပေးကြပါအုံးခင်ဗျ။ အပင်သက်တမ်းက ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ။ ပုံမှန်က ဒူးရင်တွေက ဒီအရွယ်ဆို အသီးသီးရတော့မှာကို အဲပိုးကောင်တွေကြောင့် အခုထိ အသီးမသီးသေးတာလားလဲ သိချင်ပါတယ် ခင်ဗျ။ ပုံထဲမှာ မဲနေတဲ့နေရာတွေက အဲလို အပေါက်ဖြစ်ရင် ဓါတ်ခဲအဆံကို အမှုန့်ကြိတ်ပြီးထည့်ရင် ကောင်းတယ်ဆိုလို့ ထည့်ကြည့်ထားတာပါ 🙂 အဲဒါလည်း ဘာမှ မထူးခြားပါဘူး ခင်ဗျ။ အဲအပင်ဆက်အသက်ရှင်ဖို့၊ အဲအပေါက်ဖောက်တဲ့ ပိုးကောင်ပြဿနာရှင်းဖို့ ဘာဆေးတွေ ထည့်/ဖျန်းလို့ရမလဲ၊ ဘယ်လိုတွေလုပ်လို့ ရမလဲ ကျေးဇူးပြုပြီး ဖြေကြားပေးကြပါ ခင်ဗျ 🙏

ပိုးမွှားရောဂါ ဒူးရင်းသီး
Post image
Post image
Post image
Post image
Post image
+၂

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပရုပ်လုံးမြုပ်ခြင်း၊ ဆဲလ်​ဖော့ ​ဆေးပြား ထည့်ခြင်း လုပ်​ဆောင်နိုင်ပါတယ်။ ဆဲလ်​ဖော့က အဆိပ်​ငွေ့​ဆေးပါ။ နှာ​ခေါင်းစည်းနဲ့ လက်အိတ်နဲ့ကိုင်ပါ။

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

အပေါက်အား ဗဟိုပြု၍လွန်နှင့်ဖောက်ပြီး အဆိပ်ငွေ့အာနိသင်ရှိ ပိုးသတ်ဆေး၊ ဆဲလ်ဖော့၊ တို့အား ထည့်ပြီး အပေါက်အား ရွံ၊ ပုံးညက်၊ ကတ္တရာ တို့ဖြင့် ပိတ်ထားပါက သေနိူင်သော်လည်း ပိုးကောင်သည် အပင်အားအပေါက်ဖောက်ပြီး ကျင်းအား မြွေလိမ် မြျွေကာက် ဖောက်ပြီး ကျစ်စာနှင့် ပိတ်ထားပါလျင် မိမိထည့်သည့်ဆေးသည် မထိရောက်နိူင်ပါသဖြင့်် ပိုးပေါက်အား တတ်နိူင်သ၍ လိုက်ပြီး ကျစ်စာဖယ်ခြင်း ပိုးကောင်နှင့်အနီးဆုံးနေရာ ရောက်သည်အထိ လုပ်ဆောင်ပြီး မှဆေးထည့်ပေးခြင်း အပေါက်အား ပိတ်ခြင်း ပြုမှသာလျင် ထိရောက်မှုရှိနိူင်ပါမည်။

Toe Lie
Toe Lie 821 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့။ အဲလိုလုပ်လိုက်ပါ့မယ်။ ကျေးဇူးပါ ဆရာ 🙏

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။