အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ရဲခိုင်
လွန်ခဲ့သော ၃ နှစ် က · ကြံခင်း

ပဲတီစိမ်းမာ ပင်စည်ထိုးပိုးနဲ့ မျှစ်ဆွေးမျှစ်ခြောက်ကြတာက မြေဇီလွှာမကောင်းလို့ဖြစ်တာလား မြေကိုပြင်ပေးဖို့လိုလားဗျ အဲဒါလေးသိချင်လို့ပါဗျာ သိရင်နည်းလမ်းလေးသိရင်ပြောပေးလား။

မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

​မြေမ​ကောင်းလို့ဆိုတာထက် ​မြေမသန့်တာလို့ဆိုနိုင်ပါတယ်။ ​မြေပြင်​ပေးဖိူ့လိုသလို သီးနှံကို ​ပြောင်းလဲစိုက်​ပေးဖိူ့လိုပါတယ်။ ဒါမှသာ ​မြေကြီးထဲက မှိုက စားစရာမရှိဘဲ ပျက်စီး သွားမှာပါ။ ၃နှစ်​လောက် ခြား​ပေးရပါတယ်။

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

ပင်စည်ထိုးပိုးသည် အပင်ငယ်စဉ်ကတည်းက အပင်တွင်းဝင်၍ မျိုးစေ့လူးနယ်ဆေး သုံးရန်လိုအပ်ပြီး မြစ်ခြောက်ဆွေးသည် မြေဆောင်ရောဂါဖြစ်၍ ထရိုင်ကိုဒါးမား အသုံးပြုစိုက်ပျိုးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

​မြေချဥ်ငံ အရင်တိုင်းပါ။ ၅​အောက်ချဥ်​နေရင် ထုံးထည့်ရပါတယ် ၅.၅အထက်ဆိုရင် ဂျစ်ဆန်၊ဒိုလိုမိုက် ထည့်ရပါတယ်။

ရဲခိုင်
ရဲခိုင် 640 လွန်ခဲ့သော ၃ နှစ် က

မြေသန့်အောင်ဘယ်လို့ပြုပြင်ရမလည်းဆရာ့

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။