အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Yegyar
Yegyar 116
လွန်ခဲ့သော ၃ နှစ် က · မိုးညို

စိုက်ပျိုးရေးဆေးတွေထဲမှာ ဘယ်တံဆိပ်ကအကောင်းဆုံးလဲ လူသုံးများကြလဲဗျ

အပင်အာဟာရ လိမ္မော်

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

​မေးခွန်း က ​ယျေဘုယျဆန်​နေပါတယ်။ စိူက်ပျိုး​ရေး​ဆေး​တွေထဲမှာ အ​ကောင်းဆုံး​ဆေးဆိုတာမရှိပါဘူးခင်ဗျ။ ဥပမာ.. င​​မြောင်​တောင်အတွက် ပရီဗာသွန် က အ​ကောင်းဆုံး ဆိုပါစို့။ ​လှေးနဲ့ စုပ်စားပိုး​တွေအတွက် အ​ကောင်းမဖြစ်နိုင်ပြန်ဘူးဗျ။ ​နောက်တခါ ​လှေးအတွက် စပိုင်နိုဆက် ကအ​ကောင်းဆုံး ဆိုပါစို့။ ပွင့်​ထွေးပိုးအတွက် ၊ကိုက်စားပိုးအတွက် မထိ​ရောက်ပြန်ဘူးဗျ။ ဆို​တော့ကား... ​ဆေး​ကောင်း/​ဆေးပြင်း​တွေ​နောက်မလိုက်ဘဲ၊ ပိုး​ရောဂါ မကျ​ရောက်​အောင် ဘက်စုံကြိုတင်ကာကွယ်နည်း​တွေ ​လေ့လာသုံးသပ်၊လိုက်နာ​ဆောင်ရွက်သင့်ပါ​ကြောင်း၊​စေတနာ​ရှေ့ထားပြီး ​ဖြေကြားအပ်ပါတယ်။

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

ကုမ္ပဏီတိုင်းသည် သူတို့ဆေးကသာ ကောင်းတယ်လို့ ညွန်ကြပါလိမ့်မယ် ဒါပေမဲ့ တရားဝင် ကုမ္ပဏီအများစုမှ တင်သွင်းဖြန့်ချိသော ဆေးအများစုသည် ကောင်းကြပါတယ်လို့ ဖြေကြားလိုပါတယ်

Yegyar
Yegyar 116 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။