အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အေးအေးမိုး
လွန်ခဲ့သော ၃ နှစ် က · ကျိုင်းတုံ

ခရမ်းချဉ်ပင်က ၁ ပေခွဲ ၂ ပေလောက်တော့ရှိပြီ။ တစ်ကိုင်းတည်းဖြစ်နေလို့ ကိုင်းခွဲထွက်အောင် Y ခွထွက်အောင် အညွှန့်ဖြတ်ပေးဖို့ လိုတာလားရှင့်။ ဖြေပေးပါဦး။ မြေဩဇာကတော့ သဘာဝမြေဩဇာပဲကျွေးထားပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
စိုက်ပျိုးနည်း ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၁ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

Y ခွထွက်အောင် အညွန့်ဖြတ်စရာ မလိုအပ်ပါဘူး Y ခွထွက်အောင် စောင့်ဆိုင်းပြီးမှ နှစ်ကိုင်းထားပါ။ နိူင်ငံခြားမျိုး Hybrid မျိုးများသည် မြေဩဇာ စားသုံးမှု မြင့်မားသဖြင့် သဘာဝမြေဩဇာ ကြွေးရုံဖြင့် လိုအပ်သော ကုန်ချိန် မရနိူင်သဖြင့် အရည်အသွေးကောင်းမွန်သည့် ကွန်ပေါင်းမြေဩဇာ အသုံးပြုရန် လိုအပ်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။