အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုးလွင်ဦး
လွန်ခဲ့သော ၃ နှစ် က · သံတွဲ

အီးအမ်အပြင်း(CEM/EM1) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ပွားယူဖို့ ပါဝင်ပစ္စည်းတွေရဲ့ အချိုးလေးသိချင်လို့ပါ။

စိုက်ပျိုး ဗဟုသုတ စပါး အကျိုးပြုအဏုဇီဝ (အီးအမ်)
3

ဖြေကြားချက် ၃ ခု

Than Myint Swe
Than Myint Swe 815 လွန်ခဲ့သော ၃ နှစ် က

မူလအီးအမ် (OEM) ၁ ဆ တင်လဲရည် ၁ ဆ ရေ၁၈ဆ ရောပြီး ၂၁ ရက် ကြာပါကအသုံးပြုလို့ ရပါပြီ

sai myat thu
sai myat thu 409 လွန်ခဲ့သော ၃ နှစ် က

EM-1ပြုလုပ်နည်း လေးကျေးဇူးပြုပြီးပြောပေးပါအုန်းဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၃ နှစ် က

အီးအမ်ဖျော်ရည် အပြင်း (EM Concentrate) ကို အသင့်သုံးအီးအမ် (Instant EM) အဖြစ်ရရှိလာစေဖို့အတွက် အောက်ပါ ထုထည်အချိုးအစားအတိုင်း ဖျော်စပ်ပေးဖို့လိုအပ်ပါတယ်။    အီးအမ် ဖျော်ရည်အပြင်း - ၁ ဆ  တင်လဲရည် - ၄ ဆ  ရေ - ၉၅ ဆ   - အထက်ပါနည်းအတိုင်းရောစပ်ပြီး ရရှိလာတဲ့ ဖျော်ရည်ကို သန့်ရှင်းတဲ့ ပလပ်စတစ်ပုလင်း ထဲထည့်ပြီး လေလုံအောင် ပိတ်ထားရပါမယ်။ - အီးအမ်ကို နေရောင်ခြည် တိုက်ရိုက်မရနိုင်တဲ့ အရိပ်၊ အေးမြသောနေရာမှာ ထားရပါမယ်။ - တစ်ရက်ကို တစ်ကြိမ်ခန့် သမအောင်မွှေပေးရပါမယ်။ - ဓါတ်ငွေ့တွေထွက်လာပါက အဖုံးကို ခဏတာဖွင့်ထားပေးပြီးတော့ လေလုံအောင်ပြန်ပိတ်ထားပေးရပါမယ်။ - (၃-၄) ရက်ခန့်ကြာတဲ့အခါမှာ ဝါညိုရောင်အဖြစ်ပြောင်းသွားတဲ့အခါ သုံးစွဲဖို့ အသင့်ဖြစ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။