စပါးပင်အရမ်းထူပီး နို့ရည်ခဲချိန် ဖြုတ်ညိုကျတာ အပင်အရပ်က၄ပေမို့လို့ ဆေးဖြန်းတာအောက်ခြေထိမရောက်ဘူးဖစ်နေတယ်၊ သြဘာမြေကောင်းကျဲပက်လို့ရနိုင်မလား။
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၈၅ ရက်
ဆေးဖျန်းတာကပိုပြီးထိရောက်ပါမယ်ခင်ဗျ။ စပါးအောက်ခြေရောက်အောင် (မဖြစ်မနေ)ဖျန်းရပါမယ်။ စပါးခင်းအတွင်း ဝါးလုံးဖြင့်လိုင်းခွဲပြီး လမ်းကြောင်းဖေါ်ပြီး အောက်ခြေထိရောက်အောင် pressure ကောင်းကောင်းဖြင့်ဖျန်းရပါမယ်။ ရေရှိရင် ပိုဆိုးပါတယ်။ အစိုဓါတ်လုံလောက်ပြီဆိုရင် ရေထုတ်ပါ။ ဖြုတ်ကျတာက စပါးဆုံးရှုံးမှု အရမ်းများပါတယ်ခင်ဗျာ။ ဖျန်းရမယ့်ဆေးကတော့ နီးစပ်ရာ စိုက်ပျိုးရေးဝန်ထမ်းတွေဆီက အကြံဉာဏ်ရယူပါခင်ဗျ။ သိသလောက် အကြံဉာဏ်ပေးခြင်းပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဖြုတ်ညို ဖြုတ်စိမ်းအတွက်ဗိုက်တာဂရို၊ ဖြုတ်ကင်းနဲ့အခြားဆေးတွေဝယ်မရဘူးဖစ်နေတာ၊ ဤဆေးနှစ်မျိုးပဲဝယ်လို့ရတယ်၊တွဲ...
ဖြေကြားချက် 3 ခု
ဖြုတ်ညို၊ ဖြုတ်စိမ်းသီးသန့်ဆေးရှိရင်ညွှန်းပါဦး။
ဖြေကြားချက် 5 ခု
စပါးနိုရည်ခဲချိန်မှာ ဖြုတ်ညို ဖြုတ်စိမ်းတွေကျနေတာ အပင်တွေခြောက် အနှံတွေဖြူပီးလဲကုန်တာ ဘယ်လိုဆေးဖျန်းရမလဲ၊ ရေ...
ဖြေကြားချက် 2 ခု
ဖြုတ်ညိုဒဏ်ခံနိုင်ရည်ရှိတဲ့ ရက်၉၀ နွေစပါးမျိုးလေးရှိရင်အမည်လေးသိပါရစေ။
ဖြေကြားချက် 2 ခု
နေပြည်တော် တပ်ကုန်းမြို့နယ်က ဆင်သေဆည်သောက်က တောင်သူပါခမျာ ကျွန်တော့် စပါးခင်းက အရင်ဖြုတ်ကျေားဖြူးကြပါတယ်ခမျာ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။