အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · ကျောက်ပန်းတောင်း

ကြက်ဟင်းခါးပင်တွေပါ ဒါဘာရောဂါကျတာလဲဗျ မိုးရွာပြီးပိုပိုဆိုးလာတယ် ဘယ်လိုဆေး aiသုံးရင်အဆင်ပြေမလဲဗျ

ပိုးမွှားရောဂါ ကြက်ဟင်းခါးသီး
Post image

ဖြေကြားချက် ၄ ခု

5,058 လွန်ခဲ့သော ၃ နှစ် က

အောက်ရွက်တွေဝါပြီး အထက်ကိုတဖြည်းဖြည်းတက်သွားမယ်။အချိန်မီမနှိမ်နင်းနိုင်ရင် တပင်လုံးဝါပြီး ပျက်စီးမယ်။ ညှပ်ထုတ်ပစ်လိုက်။ သိပ်မဆိုးသေးရင် ကာဇိတ်(mancozeb+cymoxanil)ဖျန်း။ တပတ်ခြားဖျန်း။ အရမ်းဆိုးနေရင် ဒိုင်မီသိုမော့ဖျန်း ဒိုင်မီသိုမော့ကအပင်ကိုလည်း နဲနဲထိတယ်။ ဝါနေတဲ့နေရာတွေအကုန်လုံး ခြောက်သွားမယ်။ နောက်ဆုံးအဆင့်ကျမှသူ့ကိုဖျန်း။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ကာဆူကာမိုင်ဇင် သို့မဟုတ် ​ကော့ပါး​ဟိုက်​ဒြောက်ဆိုဒ် ဖျန်း​ပေးပါ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ရာသီဥတု ရုတ်တရက်အ​ပြောင်းအလဲ​ကြောင့် အပူအ​အေးဒဏ်မခံနိုင်ရာက ဖြစ်တဲ့သ​ဘောပါ။ ​နေ​လောင်ဒဏ်ရာမှတဆင့်.အခြား​ရောဂါ ကူးစက်ပုံပါ။ အရွက်​တွေ ​​​ခြွေပြီး အ​ဝေးလွင့်ပစ်ပါ။ အပင်​ခြေကို ဂျစ်ဆန် သို့မဟုတ် ပြာ ပက်ပါ

19,845 လွန်ခဲ့သော ၃ နှစ် က

မှိုကျတာဖြစ်နိုင်တယ်ဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။