အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Chan
Aung Chan 2,876
လွန်ခဲ့သော ၃ နှစ် က · မုံရွာ

ဆရာတို့ခင်ဗျာ့ ဂျိုးလည်ပျောက် ခရမ်းခင်း အပင်သက်တမ်းလေးလကျော်ပါပီခင်ဗျာ့ ခရမ်းမစိုက်ခင် အရင်က ထိုမြေနေရာမှာ သပြေခြံ ၅နှစ်လောက်စိုက်ခဲ့တဲ့မြေပါ သပြေခင်းကိုတူးပစ်ပီး ချက်ချင်းဆိုသလို ပန်းမုံလာစိုက်ပါတယ်(သဘာဝမြေသြဇာ နွားချေး မလွယ်ကူခဲ့တာကြောင့် မထည့်ခဲ့ရပါဘူးခင်ဗျာ့ သပြေရွက်ခြောက်လောက်သာပါခဲ့ရပါတယ်) ပန်းမုံလာခင်းထဲမှာထဲက ခရမ်းပင် သီးညှပ်သဘောကပ်ထားလိုက်တာ မုံလာအပီးမှာ ခရမ်းခင်းဖြစ်လာပါတယ်ခင်ဗျာ့ ခရမ်းခင်းစတင်ကိုင်တွယ်ပီးဆိုကထဲက ၁၅ပတ်လည်မြေဆီ ၁လုံး နောက် ၁၅ရက်/၁လခြား တစ်လုံးစီ(စုစုပေါင်း၃လုံး)နဲ့ အပင်အခြေအနေထင်သလောက်ဖြစ်ထွန်းမလာခဲ့တာကြောင့် ပုလဲမြေဆီ (၁ခါကျွေး၁လုံး)၂ခါကျွေးပီးပါပီဗျာ့(မြေအကျယ်အဝန်းက ၀.၆ဧကဘဲရှိပါတယ်) စုစုပေါင်းမြေဆီ၅လုံးခန့်ကျွေးခဲ့ပီးသည့်တိုင် အပင်မှာထင်ခြေမပေါက်ဘဲ အာနိသင်ပြတယ်ဆိုယုံလေးစိမ်းလာပီး ခပ်ကျစ်ကျစ်ဖြစ်နေပါတယ် အပင်အသေအပျောက်ရောဂါတော့မရှိပါဘူးဗျာ့ မြေဆီအလုပ်မလုပ်သည့်ပုံစံထင်ပါတယ်ဗျာ့ သဘာဝမြေဆွေးမသုံးခဲ့ရလို့ ထင်ပါတယ် ဒါကြောင့် ယခု အချိန်ရောက်မှ ခရမ်းရေသွင်းမြောင်းထဲ/ဘောင်ပေါ် တို့ကို ဆိတ်ချေးလိုက်ဖြန့်ပီးဘောင်ပေါက် ရေသွင်း လုပ်ရင်မှားနိုင်သလားဗျာ့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၂၀ ရက်
အပင်အာဟာရ ခရမ်းသီး

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၃ နှစ် က

အပင်/အခင်းပုံတင်လို့မရ တာလား.. ပုံ​လေးပြပါလား..

Ko Min
Ko Min 19,845 လွန်ခဲ့သော ၃ နှစ် က

ဘောင်ဖော်ပြီး ရေသွင်းပေးပါ။ ပြီးရင် ငါးအမိုင်နိုအက်ဆစ်လိုမျိုး ရွက်ဖြန်းအားဆေးလိုက်ပေးပါ။ ကြည့်ရတာ မြေကြီးက အငန်ဖက်အားများနေတယ်ထင်တယ်။ ရေသွင်းလိုက်ရင် အငန်လျော့ပြီးအပင်က စားနိုင်လာမယ်။ အပင်မစားနိုင်ခင် ရွက်ဖြန်းအားဆေးနဲ့ အပင်ကို ဆွဲတင်ပေးလိုက်ပါ။

You

ဆက်စပ်မေးခွန်းများ

ခရမ်းပင် ပေါတ်ပျိုးထားတာ အကွတ်လိုတ် ရိပြီးပုတ်ကုန်တာဘာကြောင့်ပါသလဲ နောတ်တခုက အဲဒိလိုဖြစ်နေတာရပ်အောင်ဘယ်လိုပြု...

ဖြေကြားချက် 1 ခု

ခရမ်းခင်းတွင် ကိုယ်တိုင်ပြုလုပ်ထားသော ငါးအမိုင်နိုအက်ဆစ်ကို စိုက်ခင်းရေသွင်းပီးအပင်ခြေမှာလိုက်လောင်းလို့ အဆင်...

ဖြေကြားချက် 2 ခု

ပင်လုံးပျံ့ပိုးသတ်ဆေး တိုင်းက အမြစ်ကို လောင်းလို့ရလား အမြစ်လောင်းရင် ထိရောက်လား ခဗျ ခရမ်းပင်ထည့်ချင်လို့

ဖြေကြားချက် 1 ခု

မဂ်လာပါ ဆရာတို့ ပုံထဲကအတိုင်း မိုးခရမ်းပင်တွေ ဒီလိုဖြစ်နေလို့ပါ။အပင်တွေကအားလွန်ပြီးရူးနေတာလား၊အဟာရချို့တဲ့တာ...

ဖြေကြားချက် 1 ခု

ဘာတွေလိုအပ်လဲခဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။