အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Robert Bakewell
Robert Bakewell 5,744
လွန်ခဲ့သော ၈ နှစ် က · မကွေး

To MDEP AND GREEN WAY နွားမတန်းမ...ကိုယ်အလေးချိန်280ခန့်ပါ...အခုပထမဆုံးကိုယ်ဝန်က...မွေးရန်12ပတ်လိုပါသေးတယ်...အဲဒီနွားမကိုအသားတိုးမွေးမရောင်းချင်ပါ...၎င်းမှမွေးလာသောသားပေါက်အထီးများကိုသာအသားတိုးမွေးရောင်းချင်ပါသည်...ထို့ကြောင့်...၎င်းနွားမကို...အသက်ရှင်သန်ရန်...သွားလာရန်...ကိုယ်ဝန်အတွက်တို့ကိုသာ...လိုအပ်သော...စွမ်းအင်mjmeနှင့်အသားဓာတ်proteinကိုသာတွက်ချက်ကျွေးမည်ဆိုပါလျှင်...(1)နွားမကြီးရဲ့ကျန်းမာရေး...နောက်တစ်သားတောင်းရန်နှေးသွားနိုင်ချေ....သက်တမ်းအတိုအရှည်တို့မှာထိခိုက်နိုင်ပါသလား...¾(2)သားပေါက်အထီး...အမများရဲ့သတ်မှတ်ထားတဲ့အသားတိုးနှုန်းစံချိန်တို့ကိုအဆိုးဆုံးထိခိုက်သွားနိုင်ပါသလား... အောက်ပါစာလေးနဲ့...တွက်ချက်ထားသောဇယားလေးကိုဝေဖန်ပေးပါခင်ဗျား

အာဟာရဗေဒ နွား
Post image
16

ဖြေကြားချက် ၁၆ ခု

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဆီးစစ်တံနှင့်စစ်ရင်ရသည်ဟုပြောကြသည်

aungaung
aungaung 755 လွန်ခဲ့သော ၈ နှစ် က

နွားမမျိုးရှိမရှိဘယ်လိုသိနိင်လည်

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့...ကိုယ်ဝန်နုချိန်...ရင့်ချိန်...မွေးကာနီး...မွေးပြီးချိန်အလိုက်ကျွေးရမယ်...လိုအပ်တဲ့mjmeနဲ့protein%တွေကို...GREEN WAY'S PAGEမှာဖြစ်ဖြစ်တင်ပေးပါခမျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ပြီးတော့ MJME ဘယ်လောက် Protein % ဘယ်လောက်ဆိုတဲ့လိုအပ်ချက်က တနေ့တာလိုအပ်ချက်တွေပါ။ ဥပမာ protein 18% လိုတာ တနေ့စာပါ တနေ့စာကျွေးတဲ့ပမာဏနဲ့တွက်ရတာပါ။ နေ့တိုင်း 18% ရအောင်ကျွေးရမှာပါ။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ကို Robert က အာဟာရဗေဒပိုင်းကို စိတ်ဝင်စားမှုအရ မေးတာပါ။ တခါတည်း နားလည်အောင် အားလုံးရှင်းပြဖို့ မလွယ်တဲ့အပိုင်းမို့ ဆက်ပြီး ဖြည်းဖြည်းချင်းလေ့လာပေးပါ။ ကျေးဇူးတင်ပါတယ်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ပြီးတော့ နွားမှာ ကိုယ်ဝန်နုချိန်, ကိုယ်ဝန်ရင့်ချိန်, မွေးခါနီးချိန်, မွေးပြီးချိန် ဆိုပြီး သူ့အချိန်လိုက်ကျွေးရမယ့်ပုံစံတွေလည်းရှိပါတယ်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

အခုနွားမကို အသားတိုးအနေနဲ့မွေးမရောင်းပေမယ့် စံချိန်မီအောင်ထိမတိုးတောင်မှ သူ့မှာလည်း သူ့အသက်အရွယ်အလိုက် ခန္ဓာကိုယ်အလေးချိန်ရှိဖို့လိုအပ်ပါသေးတယ်။ အလွယ်ဆုံးနည်းနဲ့ပြောရရင် နွားကိုကြည့်လိုက်လို့ နံရိုး ၃ကြောင်း ရေးရေးပေါ်နေရင် ကောင်းမွန်တဲ့ခန္တာကိုယ်ရှိပါတယ်။ နံရိုး ၃ကြောင်း ထင်းလွန်းပြီး ၄ကြောင်းအထက်ဆို ပိန်ပါတယ်။ ၄ကြောင်းအထက်ဆို ပိန်လွန်းပါတယ်။ နံရိုး ၃ ကြောင်းတောင်မမြင်ရရင်တော့ရင် ဝလွန်းပါတယ်။ ဝလွန်းရင်လည်းမျိုးမအောင်လွယ်ပါ။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

Maintenance, Production, Reproduction ဆိုပြီး ရရှိတဲ့ အာဟာရကို သူ့အဆင့်လိုက် လိုအပ်တာယူပြီး ဆင့်ကဲခွဲဝေအသုံးချတာပါ။ ကဏ္ဍအလိုက်လိုအပ်ချက်ကို အစာကမဖြည့်ပေးနိုင်ရင် နွားက တဖြည်းဖြည်းပိန်လာမယ်။ ပြီးတော့ ချက်ချင်းမသိသာရင်တောင် ရေရှည်ထိခိုက်လာမယ့် သားအောင်နှုန်းကျလာပါမယ်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က
MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က
MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

နို့ထုတ်လုပ်ခြင်း, ကိုယ်ဝန်ဆောင်ခြင်း ( ကလေးအတွက်ပါထည့်တွက်ရမည်), လှုပ်ရှားသွားလာခြင်း (လမ်းလျှောက်, ထိုင်ထ သွားလာလှုပ်ရှား) စတာတွေအတွက် သုံးစရာလိုပါသေးတယ်။ နို့အဓိကထုတ်မယူရင်တောင် ကလေးကိုနို့ပေးဖို့လိုမယ်။ ကိုယ်ဝန်မရလွယ်သေးရင် ရလာစေဖို့ ရှိပြီးရင် ကိုယ်ဝန်သက်တမ်းအတိုင်း လိုအပ်ချက်ရှိသေးပါတယ်။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ကို Robert က Protein 7% က အခု 280kg ဆိုတဲ့ အလေးချိန်ကိုမလျော့စေဘဲ ထိန်းပေးနိုင်တယ်လို့ ထင်ပြီး (ပုံမှန်ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရန်)လို့ သုံးလိုက်တယ်လို့ထင်လို့ပါ။ Maintenance ဆိုတာ အထက်ကပြောတဲ့ ၃ချက်ပဲ လုပ်နိုင်ရုံအတွက်ပါ။

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

ပုံမှန်ခန္တာကိုယ်ထိန်းသိမ်းပြီးအသက်ရှင်နေနိုင်ရန် အနည်းဆုံး အသားဓာတ် (Protein) 7% လိုအပ်တယ် ဆိုတာ အဲ့ဒီ 280kg ခန့်နွားဟာ သူ့ရဲ့ (၁)ခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်း, (၂)အစာချက်ခြင်း စားမြုံ့ပြန်ခြင်း, (၃)ကိုယ်တွင်းအင်္ဂါများလုပ်ငန်းဆောင်ရွက်ခြင်း စတာတွေအတွက်သာလုံလောက်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့, သွားလာလှုပ်ရှားဖို့, ရှိသင့်သည့်ခန္တာကိုယ်အလေးချိန်ရဖို့ စတာတွေအတွက် နောက်ထက် အသားဓာတ်တွေလိုအပ်ပါသေးတယ်။

Robert Bakewell
Robert Bakewell 5,744 လွန်ခဲ့သော ၈ နှစ် က

ဟုတ်ကဲ့ပါခင်ဗျ...phနဲ့မေးပါမယ်ခင်ဗျ...ဂရုစိုက်ဖြေကြားတာကျေးဇူးပါခင်ဗျ

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

09 43141401

MDEP
MDEP အတည်ပြုပြီး 29,123 လွန်ခဲ့သော ၈ နှစ် က

မေးခွန်းမေးတာကြိုဆိုပါတယ်။ ကို Robert အဆင်ဖြေမယ်ဆို ဖုန်းနံပါတ်ပေးတာပဲဖြစ်ဖြစ် MDEP ကို ဖုန်းခေါ်တာဖြစ်ဖြစ် ပြုလုပ်ပေးလို့ရမလား။ တချို့နေရာလေးတွေမှာ ကို Robert နားလည်မှုလွဲနေတာလေးတွေရှိသေးပုံတွေ့ရလို့ပါ။ သေချာရှင်းပြချင်ပါတယ်။ စာနဲ့သာပြောနေရင်မရှင်းမှာစိုးလို့ပါ။ ကျေးဇူးတင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။