ဖြေကြားချက် ၁၀ ခု
အညှောင့်မဖောက်ပဲနဲ့ပက်လို့ရသလိုဖောက်ပြီးတော့လဲ ပက်လို့ရပါတယ်။ရှင်းအောင်လို့ တစ်နည်းချင်းရှင်းပြပါ့မယ်နော်။ အညှောင့်မဖောက်ပဲ ပက်နည်း ပျိုးခင်းကိုရေများများသွင်းထားပါ ၆လက်မခန့်၊ရေထဲသို့မျိုးစေ့များပက်ပါ၊ရေမပြတ်စေပဲ နှစ်ရက်ခန့် ရေစိမ်ထားပါ၊၃ရက်မြောက်နေ့တွင် နံနက်ပိုင်းရေခါထားပါ၊ရေခါသည့်နေ့မှနှစ်ရက်ခန့်ရေမသွင်းပဲထားပါ၊နောက်ရက်များတွင် ညနေ နေအေးချိန် ရေသွင်းထားပြီး နောက်တစ်နေ့မနက်နေမပူခင် ရေပြန်ခါပါ။ထိုနည်းအတိုင်း အရွက်နှစ်ရွက်မထွက်ခင်ထိလုပ်ပါ၊နောက်ရက်များတွင်ပုံမှန်တိုင်း ရေထည့်ထားနိူင်ပါပြီ။ အညှောင့်ဖောက်ပက်နည်း မျိုးစပါးအိတ်ကိုနှစ်ရက်ခန့် ရေစိမ်ထားပါ။ပြည့်လျှင်ဆယ်ယူပြီး ၂၄နာရီ ခန့်အရိပ်တွင်ထားပါ။မျိုးညှောင့်လေးများပြူထွက်လာပါမည်။အညှောင့်ရှည်နေလျှင် ကျဲပက်မကောင်းသဖြင့် ၂၄နာရီထက်မကြာသင့်ပါ၊ကျဲပက်မည့်အချိန်နဲ့ ချိန်သားကိုက်ပါစေ၊ပျိုးခင်းထဲသို့ ရေ၆လက်မခန့်ထည့်ပါ၊ထို့နောက် ညီညာစွာကျဲပက်ပါ၊နောက်ရက်နေမပူခင် နံနက်ပိုင်းတွင် ရေပြောင်စင်အောင်ထုတ်ပေးပါ၊ညနေ နေအေးလျှင်ပြန်သွင်းထားပါ၊ထိုနည်းအတိုင်း အရွက်နှစ်ရွက်ထွက်သည်ထိပြုလုပ်ပေးပါ၊ကျန်ရက်များတွင် ရေထည့်ထားနိူင်ပြီ ဖြစ်သည်။ မိတ်ဆွေတို့အတွက် ကိုယ်တိုင်ပြုလုပ်ခဲ့ဖူးသော ပျိုးထောင်နည်းများကို အလျဥ်းသင့်လျှင်ဆောင်းပါးအဖြစ် ရေးသားမျှဝေပေးပါ့ဦးမယ်နော်...
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နေ့အပူချိန် ဘယ်လောက်ဟာ စပါးပျိုး အညှောက်ဖောက်လို့အဆင်ပြေပါသလဲဆရာ 1လပိုင်လောက်ဆို စပါးကြဲရတော့မှာ မိုလို့ပါ
ဖြေကြားချက် 1 ခု
စပါးမျိုးစိမ်နည်း
ဖြေကြားချက် 4 ခု
ဆရာတို့ခဗျ မျိုးစပါးက အချိန်ဘယ်လောက်ကြာကြာရေဆိမ်ပီး ဘယ်လောက်ကြာကြာအုပ်ရတာလဲခဗျ။သေချာသိချင်လို့အချိန်နာရီနဲ့...
ဖြေကြားချက် 1 ခု
နွေစပါးပြီးမိုးစပါးပြန်းစိုက်တဲ့အခါမျိုးညှောင့်ဖောက်ကျဲရင်၃ရက်လောက်ဆိုမျိုးညှောင့်လေးတွေဝါပြီးသေကုန်ပါတယ်ခင်...
ဖြေကြားချက် 3 ခု
ဆရာမျိုးစပါးကိုစနစ်တကျဆားရေစိမ်မျိးဖောက်နည်းပြောပြပေးပါနော်။
ဖြေကြားချက် 2 ခု