ဖြေကြားချက် ၃ ခု
မှို့ကပ်ချိန်က ကြဲခင်းဆို 73-75 ပျိုးခင်းဆို ပျိုးရက်ကိုပါ ထည့်ပေါင်းပါရှင့်
ဒါဆိုရင်ဒီဆင်းသုခက မနောသုခနှင့်အသက်ရက်တူပြီး မနောသုခထက်ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ကိုခံနိုင်ရည်ရှိသွားတာေပေါ့နော် နောက်ပြီး ဆင်းသုခရဲ့မှိုကပ်ချိန်လေးလဲပြောပြပေးပါအူးဗျာ
ဆင်းသုခ မျိုးစပါး၏ အရည်အသွေး လက္ခဏာများ • ထုတ်ဝေသည့် ခုနှစ် - ၂၀၀၉ • မူရင်းမျိုးအမည် - IRYn-1068-7-1 • မူရင်းဒေသ - မြန်မာနိုင်ငံ • စပါးမျိုးအုပ်စု - ဧည့်မထ • အသက်ရက် - ၁၃၈ - ၁၄၀ • အပင်အမြင့် (စင်တီမီတာ) - ၁၀၇ • အနှံပါ ပင်ပွား - ၁၀ မှ ၁၂ • တစ်နှံပါ သီးလုံး - ၁၇၈ မှ ၂၂၀ • အောင်စေ့ရာခိုင်နှုန်း - ၈၀.၀ • အစေ့ (၁၀၀၀) အလေးချိန် (ဂရမ်) - ၂၀.၆ • စပါးစေ့ အတိုင်းအတာ အလျား (မီလီမီတာ) - ၈.၅၃ အနံ (မီလီမီတာ) - ၂.၁၀ အလျား/အနံ အချိုး - ၄.၀၆ • အမိုင်းလို့စ် ပါဝင်မှု ရာခိုင်နှုန်း - ၂၃.၇ • ဆန်ရည် ဆန်သား - ကြည်လင် • ဆန်ထွက် ရာခိုင်နှုန်း - ၆၀.၀ • ဆန်ရှည်ထွက်မှု အချိုး - ၁.၃ • စားသုံးမှု အဆင့်အတန်း - ကောင်း • တစ်ဧက ပျမ်းမျှအထွက် (တင်း) - ၉၀ မှ ၁၃၅ • သင့်တော်သည့် ဒေသ - ဆည်ရေသောက်၊ မိုးရေသောက် ဒေသအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ • ထူးခြားမှု - ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ် ခံနိုင်ရည်ရှိသည်။ မနောသုခနှင့် တစ်ဧကအထွက်၊ ဆန် အရည်အသွေး တူညီပြီး၊ စာသုံးမှု အရသာမှာ မနောသုခထက် ပိုမိုကောင်းမွန် နူးညံ့သော စပါးမျိုး ဖြစ်သည်။ • ရာဇဝင် - စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ရေဆင်းတွင် (၁၉၉၇) ခုနှစ်မှ စတင်၍ မျိုးကူးစပ်ပြီး၊ ဆက်လက်၍ မွေးမြူရွေးချယ်ခြင်း အဆင့်ဆင့် ဆောင်ရွက်ကာ ရရှိလာသော မျိုးဖြစ်သည်။ • မနောသုခ စပါးမျိုးအား ဘက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သည့် ဗီဇပါဝင်သော IRBB-21 စပါးမျိုးနှင့် မျိုးစပ်ကူးပြီး (၂၀၀၂) ခုနှစ်မှ (၂၀၀၆) ခုနှစ် အထိ နယ်စမ်းသပ်မှုများ အပါအဝင် အဆင့်ဆင့် ဆောင်ရွက်ရရှိလာသော မျိုးဖြစ်သည်။ • နိုင်ငံတော် သီးနှံမျိုးစေ့ကော်မတီ (National Seed Committee – NSC) က အတည်ပြုကာ (၂၀၀၉) ခုနှစ်တွင် ထုတ်ဝေခဲ့သည့်မျိုး ဖြစ်သည်။
ဆက်စပ်မေးခွန်းများ
သက်ကြီးဘေးကြား ပျိုးခင်းစပါးပင် ၁၀ရက်သား အရွက်နှစ်ခွခွက်ပီး တခင်းလုံးနီးပါးဖြူကုန်တာ ဖြုတ်ပိုးလဲမတွေ့ပဲနဲ့...
ဖြေကြားချက် 6 ခု
ဧရာဝတီတိုင်းမှာ တဧကကိုတင်း၁၆၀ထွက်တဲ့နွေစပါးစိုက်ခင်းကစပါးကို ဝယ်ယူပီး မိမိဒေသမှာ နွေရာသီပြန်လည်စိုက်ပျိုး ထား...
ဖြေကြားချက် 11 ခု
မော်ဘီကောက်ညှင်းစပါးသက်တမ်းကိုပြောပြပေးပါလားခင်ဗျာ။။
ဖြေကြားချက် 1 ခု
လုံ ၈ ပုလဲသွယ် ၁ စပ်မျိုးစပါးကို အပူပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်း၊စလင်းမြို့နယ်မှာရော စိုက်လို့ရနိုင်ပါသလား?...
ဖြေကြားချက် 1 ခု
သီရိသုခစပါးအသက်ရက်ဘယ်လောက်လဲဆရာ အမြင့်ဆုံးအထွက်ကဘယ်လောက်လဲ
ဖြေကြားချက် 1 ခု