ဖြေကြားချက် ၃ ခု
နိုင်ငံတော်ရဲ့ ထိပ်ပိုင်း အရေးကြီးသတင်းတွေ ကို တိတိကျကျသိဖို့ခက်ပါတယ်။ ၂၀၂၀ ကိုဗစ်ကာလ သတင်းတွေအရ, နိုင်ငံတော်အရံဆန် တန်ချိန် ၅၀၀၀ သတ်မှတ်ပြီး၊၄၀၀၀ ဝယ်ထားတယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်အတွက် ခုမှ ဝယ်ဖို့ စျေးနုန်းနဲ့ ပမာဏ ညှိနိုင်းဆဲလို့ ဆန်ကုန်သည်ကြီးများအသင်း သတင်းအရ ကြားသိရပါတယ်။ သတင်းသမားမဟုတ်လို့ အရပ်ပြောအနေနဲ့ သိသလောက်ပြောပြတာပါ။
နိုင်ငံခြားကိုတင်ပို့တဲ့ဆန် (နိုင်ငံကထွက်သွားတဲ့ဆန်) ရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို နိုင်ငံတော်အရန်ဆန်အဖြစ် မဖြစ်မနေပေးသွင်းရမယ်လို့ ပို့ကုန်သမားတွေကို သတ်မှတ်ပေးသွင်းစေပြီး အရန်ဆန်ထားတာပါ။ ဆိုတော့ ရာခိုင်နှုန်း ဘယ်လောက် ဈေးနှုန်းဘယ်လောက်ဆိုတာကတော့ သတ်မှတ်တဲ့ပေါ်ပဲ မူတည်ပါလိမ့်မယ်။ ပို့ကုန်သမားတွေအနေတဲ့ မဖြစ်မနေ ပေးသွင်းဖို့ ဥပဒေအရ ထိန်းချုပ်ထားတဲ့ပုံစံမျိုးပါ။ ပို့ကုန်ဘယ်လောက်ထိ တင်ပို့ခွင့်ပြုမယ်ဆိုတာကိုတော့ ပြည်တွင်းစားသုံးမှုပိုလျှံနိုင်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် နှစ်စဉ်သတ်မှတ်တဲ့ပုံစံမျိုးပါ။ အရန်ဆန်သတ်မှတ်ပမာဏ ပြည့်အောင်တော့ ဝယ်တာမျိုးရှိပါတယ်။ အဲ့ဒီ သတ်မှတ်ပမာဏပြည့်သွားရင်တော့ ထပ်မဝယ်တော့ပါ။ (အတိအကျ အသေးစိတ်တော့မသိပါ။ သိသလောက် ပြောပြခြင်းဖြစ်လို့ အမှားအယွင်းအနည်းငယ်တော့ ရှိနိုင်ပါတယ်။ တခြား ပိုနားလည်သူရှိရင် ထောက်ပြနိုင်ပါတယ်)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
Monoammonium phosphateမြေသြဇာကိုပြည်တွင်းမှာဝယ်လို့ရနိုင်မလား၊ ဘယ်ကုမ္ပဏီထုတ်တွေရနိုင်မလဲ။
ဖြေကြားချက် 0 ခု
အခုမြောင်းမြစပါးပေါက်စျေးလေးသိပါရစေလားဗျာပေါ်ဆန်းရင် ရက်90 မာလာမွှေးသီးထပ်ရင် gw11 နှံကောက်ထွန်း အဲ့စပါးစျေး...
ဖြေကြားချက် 4 ခု
ရန်ကုန်တိုင်း ဘက်မှာသီရိသုခစပါးမျိုးသန့်ရောင်းလားဗျ။
ဖြေကြားချက် 1 ခု
လုံ ၈ ပုလဲသွယ် ၁ စပ်မျိုးစပါးကို အပူပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်း၊စလင်းမြို့နယ်မှာရော စိုက်လို့ရနိုင်ပါသလား?...
ဖြေကြားချက် 1 ခု
ရေနက် စပါးမျိုးမှာယူချင်ပါတယ်။ဘယ်လိုမှာယူရမလဲ၊ရေနက်စပါးမျိုးတွေရဲ့ အထွက်နှုန်းတွေသိပါရစေ။
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ