ဖြေကြားချက် ၁ ခု
ကုက္ကိုသီး ရွက်ဖျန်းမြေဩဇာ ပါဝင်သောပစ္စည်း - ကုက္ကိုသီးကြိတ်ဖတ် ၁၀ ပိဿာ - ထန်းလျှက် (သို့မဟုတ်) တင်လဲရည် ၁ ပိဿာ - ရေ ၃၀ ဂါလန် - ငါးအမိုင်နိုအက်စစ် ၁ လီတာ (ရေသန့်ဘူးတစ်ဘူး) ငါးအမိုင်နိုအက်စစ် မရှိပါက ပုလဲမြေဩဇာ နို့ဆီဘူးတစ်ဝက်ခန့် ထည့်ပါ။ သို့သော် ဓါတုပစ္စည်းပါသဖြင့် ဩဂဲနစ် စိုက်ခင်းတွင် သုံးမရပါ။ ဓါတုပစ္စည်းအနည်းငယ်သုံးသော ဂျီအေပီစိုက်ခင်းတွင် သုံးနိုင်ပါသည်။ တစ်လကြာ စိမ်ပြီးသုံးပါ။ အပင်ကြီးထွားမှု အားကောင်းစေပြီး အသီးတင်မှုကောင်းကြောင်း တွေ့ရသည်။ ကုက္ကိုသီးကို ထုထောင်းရေစိမ်ပြီး မြေဆွေးပြုလုပ်ရာတွင် ထန်းလျှက်ကို တင်လဲရည်အစားသုံးနိုင်ပါသည်။ ကုက္ကိုသီး၏ အာနိသင်များကို စာရေးသူကိုယ်တိုင် ဂျုံသီးနှံတွင် သုတေသနပြုတွေ့ရှိဘူးပါသည်။ အထက်ပါ အပင်အားဆေးများကို ရေအဆ (၁၀၀) မှ (၅၀၀) ထိရောပြီး (၇) ရက်ခြားတစ်ကြိမ် ဖျန်းနိုင်ပါသည်။ အားဆေးအမျိုးမျိုးကို ရောဖျန်းနိုင်ပါသည်။ ပဲဖတ်၊ နှမ်းဖတ်၊ နွားချေးတို့ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
မြေပဲစိုက်ထားတာ2လကျော်ပါပြီ မိုးခေါင်လို့အပင်တွေကဇွယ်မချသေးဘူးခုမှမိုးပြန်ရွာတာအပင်ဇွယ်ချပါဦးမလားဗျ
ဖြေကြားချက် 2 ခု
မြေပဲစိုက်ထားတာ2လကျော်ပါပြီ မိုးခေါင်နေခုမှရွာလာတာ ဥပါ့မလားဗျဇွယ်ကောချပါမလား
ဖြေကြားချက် 1 ခု
စပါးကိုမြင်ချီကျွေရင်အဆင်ပြေလာ
ဖြေကြားချက် 1 ခု
ဆရာတို့အပင်အားဆေးအသီးအားဆေးဘယ်ချိန်တွေဖျန်းသင်လည်းဘာဖျန်းသင့်လည်းပြောပေးပါအုံး
ဖြေကြားချက် 1 ခု
စိုက်ခင်းတွေ ဆေးဖြန်းတဲ့အခါ အပင်အသီးအပွင့်အားဆေးများနဲ့အတူ ဟင်းချိုမှုန့်ပါ ထည့်၍ အသုံးပြုကြတာတွေ့ရပါတယ် ဒါ...
ဖြေကြားချက် 1 ခု