အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Yar Zar Htun
Yar Zar Htun 608
လွန်ခဲ့သော ၃ နှစ် က · မြန်အောင်

ကျေးဇူးပြုပြီးဖြေကြားပေးပါခင်ဗျ မြေပဲစိုက်ရာမှာမြေဆောင်မှို ကအရမ်းဒုက္ခပေးပါတယ် မှိုဆေးတွေဖျန်းလဲမနိုင်ပါဘူး ခဏပဲတန့်သွားပါတယ်ပြန်ဖြစ်တာပါပဲဆေးယဉ်ပါးလာပါတယ် အဓိက. ကတော့မြေဆောင်မှိုကိုနိုင်အောင်သတ်ချင်ပါတယ် ဘာတွေလုပ်ရမယ်ဘာဆေးတွေသုံးရမယ်ဆိုဖြေကြားပေးပါခင်ဗျ ပြီးတော့မဖောက်ထုံးကကော မြေဆောင်မှိုကိုနိုင်ပါသလား ဖြေကြားပေးပါခင်ဗျာ

ဖြေကြားချက် ၅ ခု

Yar Zar Htun
Yar Zar Htun 608 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,689 လွန်ခဲ့သော ၃ နှစ် က

ထရိုင်ကိုဒါးမား..ဓါတုမရှိပါ။ များများပွားနိုင်ရင်ထိ​ရောက်ပါတယ်။

Yar Zar Htun
Yar Zar Htun 608 လွန်ခဲ့သော ၃ နှစ် က

ဆရာရေ ထရိုင်ကိုဒါးမား က သြဂဲနစ်ပဲရှိတာလား ဓာတုကောရှိလားခင်ဗျ သြဂဲနစ်တော့စမ်းသုံးထားပါတယ်

Yar Zar Htun
Yar Zar Htun 608 လွန်ခဲ့သော ၃ နှစ် က

ခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,689 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ပါတယ် ​မြေ​ဆောင်မှိုကို မှိုသတ်​ဆေးဖျန်းခြင်းတမျိုးတည်းနဲ့ မရနိုင်ပါဘူး။ (မျိုးရင်းမတူတဲ့ သီးနှံကို ၃နှစ်တကြိမ် ​ပြောင်းစိုက်ရပါမယ်။) (​မြေကြီးချဥ်ငံတိုင်းပြီး၊ချဥ်ငံကိန်းမျှတ​အောင် ပြုပြင်ရပါမယ်) (မျိုး​စေ့ကို ​ဆေးလူးနယ်စိုက်ရပါမယ်) (ထရိုင်ကိုဒါးမား ကို စိုက်​ကြောင်းထဲထည့်ရပါမယ်/မျိုး​​စေ့လူးရပါမယ်) ထုံးက မှို​ပေါက်ပွားမှုကို အ​တော်အတန် ထိန်းနှိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။